ကမာရွတ်မြို့နယ်၌ နှာခေါင်းစည်း(mask)တပ်ဆင်ခြင်းရှိ/မရှိစစ်ဆေးဆောင်ရွက်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ကမာရွတ်မြို့နယ်၌ နှာခေါင်းစည်း(mask)တပ်ဆင်ခြင်းရှိ/မရှိစစ်ဆေးဆောင်ရွက်

ကမာရွတ် အောက်တိုဘာ ၈ယ
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါကာကွယ်ထိန်းချုပ် ရေးလုပ်ငန်းများ ကို အရှိန်အဟုန်မြှင့်ဆက်လက်ဆောင်ရွက် လျက်ရှိရာ မြို့နယ်အဆင့် ကိုဗစ် – ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီ ဥက္ကဌနှင့် ကော်မတီ ဝင်များက ယနေ့ နံနက် ၉ နာရီအချိန် မှ စ၍ ပြည်သူများနေအိမ်မှ ပြင်ပသို့ ထွက်ခွာလာရာတွင် နှာခေါင်းစည်း mask တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို တက္ကသိုလ်ရိပ်သာ လမ်း၊လှည်းတန်းလမ်း ၊ လှည်းတန်းစျေးရှေ့များတွင် စစ်ဆေးဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ် – ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူဦးသိန်းဇော်ဦးနှင့် ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ မြို့နယ်စည် ပင်သာယာရေးကော်မတီအဖွဲ့ဝင်များ၊ ယာဥ်ထိန်းတပ်ဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့ဝင်များ စသည်တို့ပူးပေါင်း၍ ပြည်သူများ မိမိနေအိမ်မှ ပြင်ပသို့ထွက်ခွာလာရာတွင် နှာခေါင်စည်း mask တပ်ဆင်ခြင်း ရှိ/မရှိကို စစ်ဆေး ဆောင်ရွက်ခဲ့ရာ တပ်ဆင်ခြင်းမရှိဘဲ သွားလာနေသောပြည်သူများနှင့်ယာဥ်များအား ကိုဗစ်-၁၉ ရောဂါကာ ကွယ်ရေးအတွက် နှာခေါင်းစည်း mask ယခုဝယ်၊ယခုတပ် စနစ်ဖြင့် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

စိမ်းလဲ့(ပြန်/ဆက်)


Spread the love
  •  
  •  
  •  
  •  
  •  
  •