ကရင်ပြည်နယ် ကမမောင်းမြို့နယ် အတွင်းရှိ တပ်မတော်စစ်စခန်းများ ရွှေ့ပြောင်းပေးရေးနှင့် ဒေသခံ များအပေါ်အကြမ်း ဖက်မှုများကို ဆန့်ကျင်ရှုတ်ချကြောင်း ဆန္ဒထုတ်ဖော်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ကရင်ပြည်နယ် ကမမောင်းမြို့နယ် အတွင်းရှိ တပ်မတော်စစ်စခန်းများ ရွှေ့ပြောင်းပေးရေးနှင့် ဒေသခံ များအပေါ်အကြမ်း ဖက်မှုများကို ဆန့်ကျင်ရှုတ်ချကြောင်း ဆန္ဒထုတ်ဖော်

ကရင်အမျိုးသားအစည်းအရုံး (KNU ) တပ်မဟာ ၅ ဒေသအတွင်း စစ်စခန်းများ ရွှေ့ပြောင်းပေးရေးနှင့် ဒေသခံများအပေါ် အ ကြမ်းဖက် သတ်ဖြတ်နှိပ်စက်မှု့ များကို ဆန့်ကျင်ရှုတ်ချ ကြောင်း ကရင်ဒေသခံများက ဆန္ဒထုတ်ဖော်မှု ကို ဒီကနေ့( ၂၈-၇-၂၀၂၀) ရက် မနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။

တပ်မဟာ၅ ဖာပွန် မှ ကမမောင်း ဒေသ အတွင်း ရှိ ကျေးရွာပေါင်း ၃ဝဆယ် လောက်မှ ဒေသခံ များ စုပေါင်းကာ ကမမောင်း မြို့နယ် အတွင်းရှိ တောင်သုံးလုံး တပ်မတော် စစ်စခန်း ဘက်သို့အင်းအား ၃ ထောင်ကျော် ဖြင့် စီ တန်းလှည့်လည်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။

ဆန္ဒဖော်ထုတ်သူများက ကရင်လူမျိုးများ နေထိုင်ရာ ဒေသ နယ်မြေအတွင်း တပ်စွဲထားသည့် တပ်မတော်စစ်ကြောင်း အ ထိုင်စခန်း ဖြစ်သော တောင် သုံးလုံးစခန်း/ ကူးဆိပ် စခန်း များ ပြန်လည် ဆုတ်ခွာ ပေးရေး၊ ဒေသခံ များအပေါ် ညှင်း ပန်း နှိပ်စက်သတ်ဖြတ်မှု့ များ အတွက် ထိရောက်စွာ အရေးယူ ဆောင်ရွက် ပေးရေးစသော တောင်းဆိုချက်များ ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ စီတန်းလှည့်လည်ခဲ့ခြင်းဖြစ်ပြီး စစ်စ ခန်း များရှေ့ တွင် အလိုမရှိ ကြောင်း ဗွိနိုင်း ပိုစတာများ ချိတ်ဆွဲ ခဲ့ ကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဖာပွန် မြို့နယ် မထော ကျေးရွာ အုပ်စု ဘက်မှာ လည်း ကူးဆိပ် တက်မတော် စစ်စခန်း ဘက်သို့ ဒေသခံ ၂ထောင် ကျော် တစ်ပြိုင်နည်း ဆန္ဒထုတ်ဖော် ခဲ့ကြပါတယ်။

မောင်ကျော်(ဖားအံ)


Spread the love
  •  
  •  
  •  
  •  
  •  
  •