ကိုဗစ်-၁၉ ပိုးတွေ့လူနာ အမှတ် ၃၄၄နှင့် ၃၄၅ စောင့်ကြပ်ဆေးကုသမှု ခံယူရန် တီးတိန်မြို့သို့ ရောက်ရှိ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ကိုဗစ်-၁၉ရောဂါ ပိုးတွေ့လူနာ အမှတ်-၃၄၄နှင့် လူနာအမှတ်-၃၄၅ စောင့်ကြပ်ဆေးကုသမှု ခံယူရန် တီးတိန်မြို့သို့ ရောက်ရှိ

တီးတိန် ဇူလိုင် ၂၆

ကိုဗစ်-၁၉ ရောဂါပိုးတွေ့​ လူနာအမှတ်-၃၄၄နှင့် အမှတ်-၃၄၅တို့ နှစ်ဦးသည် စောင့်ကြပ်ဆေးကုသမှု ခံယူရန် ယမန်နေ့ည ၆ နာရီက ချင်းပြည်နယ်၊ တီးတိန်မြို့ ပြည်သူ့ဆေးရုံသို့ ရောက်ရှိသည်။

 

အဆိုပါ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့လူနာနှစ်ဦးသည် တွန်းဇံမြို့နယ် ဟိုင်ကျင်းကျေးရွာတွင် နေထိုင်သူများ ဖြစ်ပြီး အိန္ဒိယနိုင်ငံမှ ပြန်လာသူများဖြစ်သည်။ တီးတိန်မြို့ ပြည်သူ့ဆေးရုံ၊ ရှစ်ခန်းတွဲ (၂)ထပ် ဝန်ထမ်းအိမ်ရာ၌ ဆေးကုသမှု ခံယူမည်ဖြစ်ကြောင်း သိရသည်။

တီးတိန်မြို့ ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ (၃)ဦး ဆေးကုသမှု ခံယူလျက်ရှိရာ ကျန်းမာရေး အခြေအနေ ကောင်းမွန်လျက် ရှိကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)
ချင်းပြည်နယ်


Spread the love
  •  
  •  
  •  
  •  
  •  
  •