ကုန်တင်ယာဉ်မောင်းများနှင့်ယာဉ်နောက်လိုက်များကိုCovid-19 ရောဂါပိုးရှိ/မရှိ MCCတွင်စစ်ဆေးပေးနေ၊ ယနေ့ထိ အတည်ပြုသူ(၂၄)ဦးတွေ့ရှိ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ကုန်တင်ယာဉ်မောင်းများနှင့်ယာဉ်နောက်လိုက်များကိုCovid-19 ရောဂါပိုးရှိ/မရှိ MCCတွင်စစ်ဆေးပေးနေ၊ ယနေ့ထိ Positiveအတည်ပြုသူ(၂၄)ဦးတွေ့ရှိဟုဆို

 

ရန်ကုန် အောက်တိုဘာ ၆

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ နယ်မြို့
များသို့ ပို့ကုန်အမျိုးမျိုးကို ပို့ဆောင်ကြမည့်
ကုန်တင်ယာဉ်မောင်းများနှင့်ယာဉ်နောက်လိုက်များတွင် Covid 19 ရောဂါရှိ/ မရှိ အား တတိယမြောက်နေ့အဖြစ်စက်တင်ဘာ(၆)နေ့ ယနေ့တွင်(၄၂၃) ဦးကိုစစ်ဆေးပေးခဲ့ရာ ကိုဗစ်ရောဂါပိုး Positive အတည်ပြုလူနာ(၁၃)
ဦးတွေ့ရှိကြောင်း မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFC
CI)မှသိရသည်။

” ရန်ကုန်တိုင်းဒေသကြီး Covid- 19ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီရဲ့လမ်းညွှန်မှုအရ ကျွန်တော်တို့ပူးပေါင်းအဖွဲ့က အဝေးပြေးကုန်တင်ယာဉ်မောင်းနဲ့ယာဉ်နောက်လိုက်များကို ကိုဗစ်ရောဂါကူ
းစက်ခံထားရမှု ရှိ/ မရှိစစ်ဆေးပေးတာဖြစ်ပါတယ်

ဒီနေ့စစ်ဆေးမှုမှာ Positive လူနာ(၁၃)
ဦးတွေ့ရှိပါတယ် ” ဟု မြန်မာနိုင်ငံကုန်သည်မျ
ားနှင့်စက်မှုလုပ်ငန်းရှင်များအသင်းချုပ် အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးစိုးနိုင်က ပြောသည်။

Covid-19 ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏လမ်းညွှန်မှုဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့်ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)၊ မြန်မာနိုင်ငံအဝေးပြေးကုန်တင်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းအသင်းတို့ ပူးပေါင်း၍ကုန်တင်ယ
ာဉ်မောင်းများနှင့်ယာဉ်နောက်လိုက်များအားတိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ကုန်စည်ဖြတ်ကျော် ပို့ဆောင်ရာတွင် သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများအရ Covid-19 ရောဂါပိုးရှိ/မရှိစစ်ဆေးပေးခြင်းကို စက်တင်ဘာလ(၄)ရက်နေ့မှစ၍ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊မင်းဓမ္မလမ်း၊ မြန်မာကွန်ဗင်းရှင်းစင်တာ(MCC)ခန်းမတွင် နေ့စဉ် နံနက် ၉ နာရီ မှ ညနေ ၅နာရီအထိဆောင်ရွက်ပေးနေခြင်းဖြစ်သည်။

ယင်းသို့စစ်ဆေးမှုပြုလုပ်ရာတွင် စစ်ဆေးမှုစတင်သည့်နေ့မှ ဒုတိယနေ့အထိ အခမဲ့စစ်
ဆေးမှုပြုလုပ်ပေးခဲ့သော်လည်း Covid-19
စစ်ဆေးသည့် Antigen Test Kitများထပ်မံ
ဖြည့်တင်းဝယ်ယူရန်လိုအပ်လာသဖြင့် ကော်မတီ၏ ညှိနှိုင်းအစည်းအဝေးဆုံးဖြတ်ချက်အရ Antigen Test Kit တစ်ခုတန်ဖိုးကျသင့်ငွေ ကျပ်(၂၀၀၀၀ိ)ကို ယနေ့မှစ၍ ကောက်ခံခြင်းဖြစ်ကြောင်း ၊ကိုဗစ်ရောဂါပိုး ကူးစက်ခံထားရခြင်း ရှိ/ မရှိ စစ်ဆေးလိုသည့် ယာဉ်မောင်း/ ယာဉ်နောက်လိုက်များအနေဖြင့် မိမိတို့လုပ်ငန်း၏ အသင်းရုံးမှတဆင့် စာရင်းပေးသွင်း၍ အသင်း၏ ထောက်ခံချက်ဖြင့် လာရောက်စစ်ဆေးရမည်ဖြစ်ကြောင်း UMFCCI ၏ အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးစိုးနိုင်ကဖြည့်စွက်ပြောကြားသည်။

အဆိုပါအစီအစဉ်အရ စစ်ဆေးမှုစတင်သည့် (၄-၁၀-၂၀၂၀) နေ့တွင် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက် (၂၂၄)ဦးကိုစစ်ဆေးခဲ့ရာကိုဗစ်ရောဂါပိုး တွေ့ရှိသူ(၅) ဦး ၊ (၅-၁၀-၂၀၂၀)နေ့တွင် (၂၂၈)ဦးကိုစစ်ဆေးရာကိုဗစ်ရောဂါပိုးတွေ့ရှိသူ(၆)ဦး ၊ ယနေ့(၆-၁၀-၂၀၂၀)နေ့တွင် (၄၂၃)ဦး စစ်ဆေးရာ(၁၃)ဦး၌ ကိုဗစ်ရောဂါပိုးကူးစက်ခံထားရကြောင်းစစ်ဆေးတွေ့ရှိရသဖြင့်(၃)ရက်အတွင်း ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်စုစုေပါင်း(၈၇၅)ဦးကိုCovid 19 ရောဂါပိုးရှိ/မရှိစစ်ဆေးပေးနိုင်ခဲ့ပြီး Positiveလူနာ(၂၄)ဦးစစ်ဆေးတွေ့ရှိထားပြီးဖြစ်သည်။

အဆိုပါPositveလူနာများအား (ရွှေရောင်သမိုင်း) ပရဟိအရေးပေါ်ကယ်ဆယ်ရေယာဉ်ဖြင့် ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရိုးမရိပ်သာQuarantine Centerသို့ အချိန်နှင့်တပြေးညီပို့ဆောင်ပေးးခဲ့ကြောင်းသိရသည်။

မင်းထွဏ်း


Spread the love
  •  
  •  
  •  
  •  
  •  
  •