စစ်ကိုင်းတိုင်းအတွင်း သတ္တုတူးဖော်ခြင်းကြောင့် ပျက်စီးသွားသောဒေသများအား ချက်နိုင်ငံ အကူအညီဖြင့် ပြန်ပြင်မည်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

စစ်ကိုင်းတိုင်းအတွင်း သတ္တုတူးဖော်ခြင်းကြောင့် ပျက်စီးသွားသောဒေသများအား ချက်နိုင်ငံ အကူ အညီဖြင့် ပြန်ပြင်မည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအကူအညီပေးရေးဆွေးနွေး

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း သတ္တုတူးဖော်ခြင်းကြောင့် ပျက်စီးသွားသောနေရာဒေသများအား ချက်နိုင်ငံ၏အကူအညီဖြင့် ပြန်လည်ပြုပြင်ထိန်းသိမ်းရန် ကနဦးစီမံချက်အတွက် အကြိုညှိနှိုင်းဆွေးနွေးခြင်းကို ယနေ့မုံရွာမြို့ တိုင်းအစိုးရရုံးတွင်ပြုလုပ်ခဲ့ပါသည်။

 

အဆိုပါဆွေးနွေးပွဲသို့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ တိုင်းဒေသကြီး သစ်တော/သတ္တုဝန်ကြီး ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးလာထောင်ထန်း၊ တိုင်းသတ္တုတွင်းညွှန်ကြားရေးမှူး၊ တိုင်းသစ်တောညွှန်ကြားရေးမှူး၊ တာဝန်ရှိသူများနှင့် ချက်သံရုံးတာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

 


Spread the love
  •  
  •  
  •  
  •  
  •  
  •