တရုတ်နိုင်ငံ Dalian မြို့မှာ လူ ၆ သန်းကို Covid-19 ရောဂါပိုးရှိမရှိ Test စစ်မယ်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

🇨🇳 တရုတ်နိုင်ငံ Dalian မြို့မှာ လူ ၆ သန်းကို Covid-19 ရောဂါပိုးရှိမရှိ Test စစ်မယ်။

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းရှိ Dalian မြို့မှာ တစ်မြို့လုံးရှိ လူ ၆ သန်းကို Test စစ်ပစ်မှာ ဖြစ်တယ်လို့ ဒီနေ့ကြေညာပါတယ်။

စနေနေ့မှာ Covid-19 ပိုးရှိပြီး ရောဂါလက္ခဏာပြသူ ၁၂ ယောက်နဲ့ ပိုးရှိပြီးရောဂါလက္ခဏာမပြသူ 14 ယောက်တွေ့ရှိထားပါတယ်။

စဖြစ်တာက ဗုဒ္ဓဟူးနေ့မှာ အသက် ၅၈ နှစ်ရှိ ပင်လယ်စာလုပ်တဲ့ကုမ္ပဏီက လူတစ်ယောက်မှာ ပိုးစတွေ့ခဲ့တာ ဖြစ်ပါတယ်။

စနေနေ့မှာ အဲ့ဒီ Dalian မြို့ကနေ ဆက်နွယ်ပြန့်နှံ့ကူးစက်မှုဟာ ပြည်နယ်လေးခုရှိ အခြားမြို့ကြီး ရှစ်ခုအထိပြန်နှံ့သွားတာ တွေ့ခဲ့ရပါတယ်။

 

ဒီနေ့ တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်ရဲ့အပြောအရ အခုလို PCR Test လုပ်တာကို အစိုးရက အကုန်အကျခံမယ်လို့ ဆိုပါတယ်။

အဲ့ဒီပထမလူနာတွေ့တဲ့ ပင်လယ်စာကုမ္ပဏီကပဲ ကျန်လူအများစုကို တွေ့ခဲ့တာပါ။

အခု အဲ့ဒီပင်လယ်စာကုမ္ပဏီရဲ့ #ဝန်ထမ်းအားလုံးကို ၁၄ ရက် quarantine ဝင်ခိုင်းထားပါတယ်။

quarantine = လူအများနှင့်ထိတွေ့မှုမရှိစေရန် အသွားအလာအနေအထိုင်ကန့်သတ်ထားသည်။

အခုအခါမှာ တရုတ်မှာ ဟိုမြို့က ထတွေ့လိုက်၊ ဒီမြို့ကထတွေ့လိုက်နဲ့ အရှေ့အနောက်တောင်မြောက်စုံနေပါပြီ။

ဝူဟန်မှာ ပြန်တွေ့လိုက်၊ ပေကျင်းမှာတွေ့လိုက်၊ အနောက်က စင်ကျန်းပြည်နယ်မှာတွေ့လိုက်နဲ့ အခု အရှေ့မြောက်ဘက်မှာ တွေ့ပြန်တာပါ။

စနေနေ့က တရုတ်မှာ ၃၅ ယောက်ကူးစက်မှုတွေ့တယ်လို့ပြောပါတယ်။ ၂၂ ယောက်က စင်ကျန်းကဖြစ်ပြီး ၁၂ ယောက်က အခု Dalian မြို့ကပါ။

အခုအခါ စင်ကျန်းပြည်နယ် ​မြို့တော် Urumqi မှာ ဒုတိယအကြိမ် Covid စစ်ခြင်း ထပ်လုပ်အုံးမယ်လို့ ပြောပါတယ်။

စစ်ဆေးတွေ့ရှိမှု ပိုမိုတိကျချင်လို့ပါတဲ့။

ယနေ့မှာပဲ တကမ္ဘာလုံး ကူးစက်သူ ၁၆ သန်းပြည့်သွားပြီ ဖြစ်ပါတယ်။

မြောက်ကိုရီးယားကလည်း တွေ့ပြီပြောပါတယ်။

ဗီယက်နမ်ကလည်း Da Nang မှာ လူစုလူဝေးပြန်လည် ကန့်သတ်မှုတွေလုပ်လာပါပြီ။

Da Nang မှာ နှစ်ယောက်တွေ့ခဲ့ပြီး အသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေ ရှိပါတယ်တဲ့။

ဩစတေးလျမှာလည်း ပြန်ဖြစ်နေပါတယ်။

ဂျာမနီမှာလည်း စနေနေ့က ၇၄၂ ယောက်တွေ့ကာ တွေ့နှုန်းပြန်တက်လာပါတယ်။

ဟောင်ကောင်မှာ လူ ၁၂၈ ယောက်အဖြစ်အမြင့်ဆုံးစံချိန်တင်တွေ့ခဲ့ရပြီး တတိယလှိုင်းဝင်နေပြီလို့ပြောပါတယ်။ ဒါတောင်အစပဲတွေ့သေးပြီး အများကြီး အပုံလိုက်ထပ်ထွက်လာမယ်လို့ မှန်းထားကြပါတယ်။

အာဖရိကတိုက်မှာ တွေ့သူ ၈ သိန်းကျော်သွားပြီး တစ်ဝက်က တောင်အာဖရိကက ဖြစ်ပါတယ်။

တကမ္ဘာလုံး မီးဟုန်းဟုန်းတောက်တောက်နေချိန်မှာ ပူတယ်လို့တောင်မထင်ပဲ ခပ်အေးအေးနေနေရင် မှားပါလိမ့်မယ်။

ကျနော်တို့ဆီမှာ mask တပ်မှုဟာ ရန်ကုန်ကလွဲလို့ ကျန်နေရာတွေမှာ အထူးအဆန်းဖြစ်နေပါပြီ။ ဘယ်သူမှ mask မတပ်ကြတော့ပါ။

တိုင်းပြည်ထဲမဝင်အောင် အစွမ်းကုန်ကာကြဖို့သာ လုပ်ရပါတော့မယ်။

ဝင်လာခဲ့ရင် ဒီလိုဂရုမစိုက်ပုံနဲ့ ထိန်းလို့မနိုင်ဖြစ်သွားနိုင်ပါတယ်ခင်ဗျား။

https://www.facebook.com/Richard-Myo-Thant-109119807474881/

https://www.facebook.com/richard.myothant

Richard Myo Thant
26-July-2020


Spread the love
  •  
  •  
  •  
  •  
  •  
  •