“တရုတ်ပြည်ရဲ့ အကြီးမားဆုံး မြစ်ကျဥ်းသုံးခုဆည် ဟာ လူသားတွေနဲ့သဘာဝပတ်ဝန်းကျင်အတွက်ဘေးဒုက္ခဆိုးတွေ ဖြစ်လာနေ”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“တရုတ်ပြည်ရဲ့ အကြီးမားဆုံး မြစ်ကျဥ်းသုံးခုဆည် ဟာ လူသားတွေနဲ့သဘာဝပတ်ဝန်းကျင်အတွက်ဘေးဒုက္ခဆိုးတွေ ဖြစ်လာနေ”

October 8, 2020

လွန်ခဲ့တဲ့ဆယ်စုနှစ် တခု က ကမ္ဘာပေါ်မှာ အကြီးဆုံး၊ကုန်ကျစားရိတ်အများဆုံး၊အင်အားအကြီးနဲ့ အချေအတင်အငြင်းအခုံအဖြစ်ရဆုံး ဆည်ကြီးတခုကို တရုတ်တွေ ဆောက်လုပ်ခဲ့ပါတယ်။အဲ့ဒီ ဆည်က
Three Georges Dam လို့ခေါ်တဲ့မြစ်ကျဥ်းသုံးခုဆည်ဖြစ်ပါတယ်။
အတိုင်းအတာတွေက ကြက်သေ သေရလောက်အောင်ကိုအံ့သြဖွယ်ကောင်းပါတယ်။

၁၈၅ မီတာအမြင့်ရှိပြီး အရှည် ၂ကီလို
မီတာကျော်ရှည်လျားပြီး၊စုစုပေါင်း ကွန်ကရစ်
ကုဗမီတာ ၂၇သန်းလောင်းထည့်ပြီး တည်ဆောက်ခဲ့တဲ့ဆည်ကြီးဖြစ်ပါတယ်။

ပြီးဆုံးချိန်မှာ ယူရို သန်းပေါင်း၂၃ ဘီလျှံအထိ
စံချိန်တင်ကုန်ကျခဲ့ပါတယ်။ထုံးစံထက်ပိုပြီး
အရွယ်အစားကြီးမားလွန်းတဲ့ ဒီစီမံကိန်းကြီးဟာ လူသားတွေအတွက်ရောသဘာဝပတ်ဝန်းကျင်အတွက်ပါ ဘေးဒုက္ခဆိုးတွေဖြစ်ပေါ်လာနေပြီ ဖြစ်ပါတယ်။

ဒီသတင်းကို France-24 သတင်းဌာနက
သတင်းထောက် အင်တွိုင်း ဗက်ဒေဟီ က
ယန်ဇီမြစ်ဝှမ်းဒေသကနေသတင်းပေးပို့ခဲ့ပါတယ်။

(Source:France-24)


Spread the love
  •  
  •  
  •  
  •  
  •  
  •