ဒေါက်တာဇော်မြင့်မောင် ကမ်းနားလမ်း ပြန်လည် တည်ဆောက်ပြီးစီးမှု အခြေအနေများ ကွင်းဆင်းစစ်ဆေး

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ဧရာဝတီမြစ်ရေဝင်ရောက်မှုအား တားဆီးပိတ်ဆို့နိုင်မှု၊ ရေစုပ်ထုတ်နေမှုနှင့် ကမ်းနားလမ်း ပြန်လည် တည်ဆောက်ပြီးစီးမှု အခြေအနေများ ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်သည် တာဝန်ရှိသူများနှင့်အတူ ဇူလိုင် ၂၆ ရက် ညနေပိုင်းတွင် မန္တလေးမြို့ အမရပူရမြို့နယ် ရွှေဂဲရေဆိုးထုတ်စက်ရုံအနီး တာရိုးကျိုးပေါက်မှုကြောင့် ဧရာဝတီမြစ်ရေ ဝင်ရောက်မှုအား တားဆီးပိတ်ဆို့နိုင်မှု၊ ရေစုပ်ထုတ်နေမှုနှင့် ကမ်းနားလမ်း ပြန်လည်တည်ဆောက်ပြီးစီးမှု အခြေအနေများကို သွားရောက်၍ ကွင်းဆင်းစစ်ဆေးကြသည်။

ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် တာဝန်ရှိသူများသည် အမရပူရမြို့ ရွှေဂဲရေဆိုးထုတ်စက်ရုံအနီး ပြန်လည်ပြုပြင်တည်ဆောက်ရေး လုပ်ငန်းခွင်သို့ ရောက်ရှိရာ မန္တလေးမြို့တော်၀န်နှင့် သက်ဆိုင်ရာတာ၀န်ရှိသူမျာက ကျိုးပေါက်သွားသည့် တာရိုးအား ပြင်ဆင်ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ ရပ်ကွက်အတွင်း ၀င်ရောက်ရှိနေသည့်ရေများကို သက်ဆိုင်ရာ၀န်ကြီးဌာနနှင့် မြို့တော်စည်ပင်သာယာရေးကော်မတီမှ ရေစုပ်စက်ကြီးများ တိုးမြှင့်တပ်ဆင်၍ ဧရာ၀တီမြစ်အတွင်းသို့ ပြန်လည်စုပ်ထုတ်နိုင်မှု၊ ယင်းမြို့ပတ်ကမ်းနားလမ်း ပြန်လည်အသုံးပြုနိုင်ရန်အတွက် စက်ယန္တရား အင်အားလူအင်အားတို့ဖြင့် တိုးမြှင့်ဆောင်ရွက်နေမှုလုပ်ငန်းများကို ရှင်းလင်းတင်ပြကြရာ ၀န်ကြီးချုပ် ကရေရှည်ခိုင်ခံ့ရန်အစီအမံများနှင့် လုပ်ငန်းများအမြန်ဆုံးပြီးစီးအောင်ဆောင်ရွက်သွားရန်မှာ ကြားခဲ့သည်။

၎င်းနောက်၀န်ကြီးချုပ်နှင့်အဖွဲ့သည် စက်ယန္တရားအင်အား၊ လူအင်အားတို့ဖြင့် တာရိုးကျိုးပေါက်သည့်နေရာအား ပြုပြင်ဆောင်ရွက်နေမှု၊ အနိမ့်ပိုင်းရပ်ကွက်များရှိ ရေ၀င်ဧရိယာရှိ လျှံရေများအား ရေစုပ်စက်ကြီးများတိုးမြှင့်တပ်ဆင်၍ ဧရာ၀တီမြစ်အတွင်းသို့ ရေစုပ်ထုတ်နေမှုအခြေအနေများကို လိုက်လံကြည့်ရှုပြီး လုပ်ငန်းများအမြန်ပြီးစီးရေးအတွက် သက်ဆိုင်ရာတာ၀န်ရှိသူများနှင့် ပေါင်း စပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

အမရပူရမြို့နယ် ရွှေဂဲကျေးရွာအနီး ဇူလိုင်လ ၂၀ရက် နံနက် ၂နာရီက တာရိုးကျိုးပေါက်ခဲ့မှု ဖြစ်စဉ်ကြောင့် အနိမ့်ပိုင်းရပ်ကွက်ရှိ ကျေးရွာများအတွင်း မြစ်ရေ၀င်ရောက်ခဲ့သဖြင့် ရေများအလျင် အမြန် လျော့ကျစေရေးအတွက် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီး ဌာနက တစ်နာရီလျှင် ရေဂါလန် ၀ဒသမ၅၂သန်း စုပ်ထုတ်နိုင်သည့် ရေစုပ်စက်လေးလုံးနှင့် နောက် ထပ်စက်အကြီးနှစ်စုံမှ တစ်နာရီရေဂါလံ ၈သိန်း စုပ်ထုတ်နိုင်သည့်စက်ကြီးဖြင့်လည်းကောင်း၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ရေနှင့်သန့်ရှင်းမှုဌာန ရေဆိုးထုတ်စက်ရုံမှ တစ်နာရီလျှင် ရေဂါလန်တစ်သန်းခွဲနှင့် Mobile Pump ၆လုံးဖြင့် တစ်နာရီရေဂါလန် ၆သိန်း စွန့်ထုတ်နိုင် သည့်စက်များဖြင့် လည်းကောင်း၊ မိတၳီလာခရိုင်၊ ကျောက်ဆည်ခရိုင်၊ မြင်းခြံခရိုင်၊ ညောင်ဦးခရိုင်၊ စစ်ကိုင်းခရိုင်နှင့် မုံရွာခရိုင်များတွင်ရှိသည့် မြစ်ရေတင်စီမံကိန်းများမှ ရေစုပ်စက်ကြီးများဖြင့် လည်း ကောင်း၊ ဇူလိုင် ၂၄ရက်နေ့စတင်၍ တစ်နာရီလျှင် ရေဂါလန် ၃သန်းထိ စုပ်ထုတ်နိုင်မည်ဖြစ်ကြောင်း၊ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းကလည်း ရေစုပ်စက်များအတွက် လိုအပ်သည့် လျှပ်စစ်ဓာတ်အားရရှိရေး အတွက် နေ့ချင်းပြီး 500KVA နှင့် 800KVA ထရန်စဖော်မာ နှစ်လုံး တပ်ဆင်၍ လျှပ်စစ်ဓာတ်အား ရရှိရန် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

ဝင်းထူးအောင်
#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •