အရေးပေါ်ရိက္ခာဆန်များကို ပြည်သူများအား တစ်ပြည်တစ်ထောင်ကျပ်ဖြင့် ရောင်းချပေး

Spread the love
  •  
  •  
  •  
  •  
  •  
  •  

နိုင်ငံတော်အရေးပေါ်ရိက္ခာဆန်များကို ပြည်သူများအား သက်သာသောဈေးနှုန်း တစ်ပြည်တစ်ထောင်ကျပ်ဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

” ဆန်တစ်ပြည်တစ်ထောင်ကျပ်နဲ့ ရောင်းပေးနေပါတယ်၊ စားသုံးသူတွေ အခြေခံလူတန်းစားကအစ လိုအပ်သူတွေ အဆင်ပြေလွယ်ကူစေဖို့ပါ၊ တစ်ဦးကို တစ်ပြည်ကနေ တစ်အိတ်ထိရောင်းပေးပါတယ်၊ လုံးရှည်ဧည့်မထ ဆန်တွေပါ၊ ဆိုင်မှာလာဝယ်ရင်တော့ သုံးအိတ်ထိရောင်းပေးနေပါတယ်၊ တကယ်လိုအပ်တဲ့နေရာတွေကို ချိတ် ဆက်ပြီး ကားနဲ့သွားရောင်းပေးပါတယ်၊ ဖိတ်ခေါ်ရင်လည်းရောင်းပေးမယ်” ဟု မန္တလေးတိုင်းဒေသကြီး ဆန်ကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးဌေးလွင်က ပြောသည်။

မန္တလေးခရိုင် ၇ မြို့နယ်ရှိ ဆန်လက်လီအရောင်းဆိုင် ၃၇ ဆိုင်တွင်ဝယ်ယူနိုင်ပြီး ကားများဖြင့်လည်းလှည့်လည် ရောင်းချပေးနေကြောင်း၊ ဆန်အမျိုးအစားမှာ ဧည့်မထဆန်ကို ရောင်းချပေးနေခြင်းဖြစ်ကြောင်း သိရသည်။

ထိပ်ထားနိုင်


Spread the love
  •  
  •  
  •  
  •  
  •  
  •