နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံသို့ ပြည်ထောင်စုသမ္မတဂျာမနီနိုင်ငံ သမ္မတ မစ္စတာ ဖရန့် ဝေါ့တာ စတိုင်းမား ထံမှ ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့

Spread the love
  •  
  •  
  •  
  •  
  •  
  •  

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံသို့ ပြည်ထောင်စုသမ္မတဂျာမနီနိုင်ငံ သမ္မတ မစ္စတာ ဖရန့် ဝေါ့တာ စတိုင်းမား ထံမှ ပေးပို့သည့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ

ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် စိန်ခေါ်မှုများရှိနေသည့်ကြားမှ နိုဝင်ဘာလ ၈ ရက်တွင် လွှတ်တော်အသီးသီးအတွက် အထွေထွေရွေးကောက်ပွဲကို ကျင်းပပြုလုပ်ခဲ့ရာ မြန်မာပြည်သူများအနေဖြင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းကြောင်းသို့ ဆက်လက်ချီတက်သွားလိုသည့် ဆန္ဒကိုထူးခြားစွာပြသခဲ့ကြပါကြောင်း၊ ရွေးကောက်ပွဲများကို ငြိမ်းချမ်းစွာနှင့် အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး အဆွေတော်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ထပ်မံအနိုင်ရရှိခဲ့ခြင်းအပေါ် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊

မြန်မာနိုင်ငံမှ ကြုံတွေ့နေရသည့် စိန်ခေါ်မှုအမျိုးမျိုးကို ကိုင်တွယ်ဖြေရှင်းရာတွင် ပြတ်သားသော ဆောင်ရွက်ချက်များ လုပ်ဆောင် နိုင်ရန် ပြည်သူများမှ လုပ်ပိုင်ခွင့်ကို အပ်နှင်းခဲ့ပြီးဖြစ်ကြောင်း၊ ထိုသို့စိန်ခေါ်မှုများကို ဖြေရှင်းရာ၌ မြန်မာနိုင်ငံတွင်း မှီတင်းနေထိုင်သည့် တိုင်းရင်းသားလူမျိုးများ၏ စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်မှုတို့ဖြင့် ရေရှည် တည်ငြိမ်အေးချမ်းမှု၊ စည်းလုံးမှု၊ သာယာဝပြောမှုတို့ ဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ လိုအပ်သော ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရန်အတွက် ခွန်အားနှင့် ယုံကြည်မှုများရရှိရန် ဆန္ဒပြုအပ်ပါကြောင်း၊ ဂျာမနီနိုင်ငံအနေဖြင့် အဆွေတော်နှင့် မြန်မာနိုင်ငံအား ဆက်လက်ပံ့ပိုးထောက်ခံသွားမည်ဟု ထပ်လောင်းအတည်ပြုပြောကြားလိုပါကြောင်း။

MOI
#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •