နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား ဗြိတိန် ဝန်ကြီးချုပ် က ဂုဏ်ပြုစကား ဆက်သွယ် ပြောကြား

Spread the love
  •  
  •  
  •  
  •  
  •  
  •  

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား ဗြိတိန် ဝန်ကြီးချုပ် က ဂုဏ်ပြုစကား ဆက်သွယ် ပြောကြား

လန်ဒန်၊ နိုဝင်ဘာ ၂၀

နိုဝင်ဘာ ၂၀ ရက် နံနက်ပိုင်းက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ခြင်း အတွက် ဂုဏ်ပြုကြောင်း ဗြိတိန်၀န်ကြီးချုပ် ဘောရစ်ဂျွန်ဆင် က ဆက်သွယ် ပြောကြားခဲ့သည်။

ရွေးကောက်ပွဲများသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ကူးပြောင်းရေးအတွက် အရေးကြီးသော ခြေလှမ်းတစ်ခု ဖြစ်ကြောင်း ဗြိတိန် ဝန်ကြီးချုပ်က ဆိုသည်။

ထို့အပြင် မြန်မာနိုင်ငံ ရင်ဆိုင်ကြုံတွေ့နေရသော စိန်ခေါ်မှုများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး ရခိုင်ပြည်နယ်ရှိ ပဋိပက္ခများနှင့် ပတ်သက်၍ ဗြိတိန်နိုင်ငံ၏ စိုးရိမ်မှုများကိုလည်း ထုတ်ဖော် ပြောဆိုခဲ့သည်။

Coronavirus ကူးစက်ရောဂါနှင့် ပတ်သက်၍လည်း နှစ်နိုင်ငံ အတူတကွ လုပ်ဆောင်နိုင်မည့် အကြောင်းအရာများနှင့် ပတ်သက်၍လည်း ခေါင်းဆောင်များက ဆွေးနွေးခဲ့ကြကြောင်း ဗြိတိန် အစိုးရက သတင်း ထုတ်ပြန်ထားသည်။

ထို့အပြင် ၀န်ကြီးချုပ် ဘောရစ်ဂျွန်ဆင် က ပိုမိုကျယ်ပြန့်သော အင်ဒို – ပစိဖိတ်ဒေသ၊ အာဆီယံ နိုင်ငံများနှင့် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှုကို ကတိပြုကြောင်း ထပ်လောင်း အတည်ပြု ပြောကြားခဲ့သည်။

#Peacock


Spread the love
  •  
  •  
  •  
  •  
  •  
  •