နိုင်ငံအတွက် မိမိတို့ကျင့်ကြံကြရမည့်တာဝန်နှင့် ဝတ္တရား၊ကျင့်ဝတ်များဆိုသည်ကား….

Spread the love
  •  
  •  
  •  
  •  
  •  
  •  

နိုင်ငံအတွက် မိမိတို့ကျင့်ကြံကြရမည့်တာဝန်နှင့်…
ဝတ္တရား၊ကျင့်ဝတ်များဆိုသည်ကား…..

အဖွဲ့အစည်း တစ်ခု အထူးသဖြင့် နိုင်ငံရေးပါတီ တစ်ခုမှာ နိုင်ငံအတွက် ချမှတ်ထားတဲ့မူဝါဒများ အပြင် အဖွဲ့ဝင်တွေအတွက် သတ်မှတ်ထားရတဲ့ စံနှုန်းနဲ့ စည်းမျဉ်း၊ စည်းကမ်း သတ်မှတ်ချက်များဆိုတာတွေကို ထားရှိ သတ်မှတ်ထားကြရပါတယ်။

အခွင့် အရေးသမားများကလွဲလို့ အဖွဲ့ဝင်အများစုက မိမိတို့၏ အဖွဲ့အပေါ်မှာ ကောင်းတူ ဆိုးဘက် အဖြစ် သစ္စာရှိနေကြပါတယ်။

သို့အပြင် မိမိတို့နိုင်ငံ၊မိမိတို့ ပြည်သူ၊ မိမိတို့ဒေသနှင့် မိမိတို့ပြည်ထောင်စုအတွင်း သက်ဆိုင်ရာအားလုံးအပေါ်မှာ သစ္စာရှိနေကြပါတယ် ဆိုတာကို ပြည် ပြည်သားများအားသိစေအပ်ပါတယ်။

ဒါပေမယ်လို့ သူတို့က မဖားကြပါပဲ မိမိတာဝန် မိမိ ကြေပြွန်စွာ ဆောင်ရွက်ကြပါတယ်။

သို့သော် နေရာသမား အခွင့်အရေးသမားများကတော့ သူတို့ လိုဘ အတွက် လိမ်ပြောဖို့ ဝန်မလေးသလို မှန်မှန်ကန်ကန် လုပ်နေကြတဲ့ သူတွေကိုလည်း ဂျောက်တွန်း နိုင်မူတွေကို ထည်လဲ သုံးနိုင်ကြပါပေတယ်။

အဖွဲ့အစည်းတိုင်းမှာ တူရာ တူရာလည်းစုနိုင်ကြပါတယ်၊
ထို စုဖွဲ့မူသည် အဖွဲ့အစည်းအတွက် အားဖြစ်လာသလို နိုင်ငံအတွက်လည်း ကောင်းမွန် သေချာ နိုင်တဲ့ အင်အားတွေလည်းဖြစ်လာစေရပါတယ်။

အခွင့်အရေးအတွက် လိမ်လည် လှည့်ဖျား တတ်တဲ့ လူတွေရဲ့ စုဖွဲ့မူက အဖွဲ့အစည်းအတွက်သော်လည်းကောင်း၊ နိုင်ငံအတွက်သော်လည်းကောင်း ပျက်ရာ ပျက်စီးစေနိုင်တဲ့…
အခြေခံ အကြောင်းတရားတွေသာ ဖြစ်လာပါတယ်။

မူဝါဒနဲ့ စံနှုန်း သတ်မှတ်ချက်တွေဆိုသည်မှာ
ယခုလို ဒီမိုကရေစီ အခြေခံမှာ…
အောက်ခြေကနေပြီး အဆင့်ဆင့် သဘောတူ ဆုံးဖြတ်မူများဖြင့် အပေါ်ကို ရောက်ရတာဖြစ် သလို ထိုဆုံးဖြတ် သတ်မှတ်ချက်များကို ကိုင်တွယ်ရသော အပေါ်က တာဝန်ရှိသူက ဆုံးဖြတ်ချက် ချမူကို လိုက်နာကြရမှာကလည်း အဆင့်ဆင့်သော လူပုဂ္ဂိုလ်၊ အဖွဲ့ဝင်တိုင်း၏ နာခံကြမည့် တာဝန်ဖြစ်ပါတယ်။

တစ်ချို့ အရေးကြီးလာတဲ့ အရေးပေါ် အခြေ အနေများမှာ အဖွဲ့ အစည်း၏ တာဝန်ရှိသူ က ဆုံးဖြတ်လိုက်ရတာတွေလည်း ရှိပါတယ်။ဤသို့သော ဆုံးဖြတ်ချက်ချ ပိုင်ခွင့် အာဏာ သည်ကိုလည်း အဖွဲ့အစည်းမှ ပေးထားရပါတယ်။

မည်ကဲ့သို့သော အဖွဲအစည်းဖြစ်ပါစေ ၊အဖွဲ့အစည်းအတွင်း အုပ်စု ဖွဲ့မူတွေကို ရင်ဆိုင်နေ ကြရပါတယ်။
ဤသည်ကိုလည်း နိုင်ငံရေးပါတီတိုင်း မရိုးနိုင်သော
ယဉ်ကျေးမူအဖြစ် ကြုံတွေ့ ကြရပါတယ်။
သို့ကြောင့် မူဝါဒနဲ့ စံနှုန်း စည်းကမ်းသတ်မှတ်ချက်များကို ချထားကြရတာဖြစ်ပါတယ်၊လိုက်နာကြရမှာကလည်း အဖွဲ့ဝင်တိုင်း၏ တာဝန်ဖြစ်ပါတယ်။

အဖွဲ့အစည်းကြီးတစ်ခု သို့မဟုတ် နိုင်ငံရေးပါတီကြီး တစ်ခုသည် လူထုထောက်ခံမူ များလေလေ နိုင်ငံကို တာဝန်ယူ အုပ်ချုပ်နိုင်သည့် အစိုးရဖွဲ့နိုင်မည့် အခြေအနေ အဆင့်အတန်းသို့ ရောက်နိုင်လေလေ ပဲဖြစ်ပါတယ်။

ထိုသို့သော အဖွဲ့အစည်းကြီးမှာ အဖွဲ့အစည်းအတွင်း အုပ်စုဖွဲ့လာမူက မလွဲ မသွေ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

အထူးသဖြင့် ဤကဲ့သို့ အဆင့် အတန်းရှိနေသည့် နိုင်ငံရေးပါတီ၏ အုပ်စုဖွဲ့မူသည် အောက်ခြေမှာ အုပ်စု ဖွဲ့တာထက် အပေါ်မှာ အုပ်စုဖွဲ့ ကြတာက ၎င်းအဖွဲ့ အစည်းအတွက်လည်းကောင်း၊နိုင်ငံအတွက်လည်းကောင်း၊အလွန်ပင် အန္တရာယ် ကြီးမားလှပါတယ်။

အောက်ခြေမှ အုပ်စုဖွဲ့မူသည် တစ်ဖြေးဖြေးဆိုးရွား လာနိုင်မူ၏ အတိမ် အနက် သည်ကားအပေါ် မှ လုပ်ပိုင် ဆုံးဖြတ်ပိုင်ခွင့် ရှိနေကြသူများ၏ အုပ်စု၊ဂိုဏ်းဂဏ ဖွဲ့ နေကြသည့်အပေါ်တွင် အများကြီး အမှီ သဟဲ ပြုပြီး မှီတည် သက်ရောက်ပါတယ်။

ဆိုလိုတာက အပေါ်မှ ဂိုဏ်းဂဏ အုပ်စုဖွဲ့ကြသည့် အားသာရာ အုပ်စုအတွင်းသို့ ဝင်ရောက်ပူးပေါင်း အခိုင်းခံနိုင်စေရန် အရန်သင့် အနေအထားတစ်ခု ဖြစ်အောင် အုပ်စုဖွဲ့ ထားသော အနေအထား တစ်ခုဖြစ်လာပါတယ်။

သို့ဖြစ်ပါသောကြောင့် နိုင်ငံရေးပါတီတစ်ခု
အထူးသဖြင့် အစိုးရဖွဲ့ နိုင်သည့် နိုင်ငံရေးပါတီသည် အပေါ်မှ လုပ်ပိုင် ဆုံးဖြတ် ပိုင်ခွင့် ရှိနေကြသူ များ၏ အုပ်စုဖွဲ့၊ ဂိုဏ်းဂဏ ဖွဲ့ မှုသည် အဖွဲ့အစည်းနှင့် တိုင်းပြည်အတွက်
ကြီးလေးသော ပြစ်မူ ကိုကျူးလွန်ရာက် ပါတယ်။

အဖွဲ့အစည်းမှာသော်လည်းကောင်း၊
နိုင်ငံအတွက်မှာသော်လည်းကောင်း၊
အမှန်တကယ် လုပ်နိုင်စွမ်းရှိပြီး လိုအပ်သည့် သူကို တာဝန်ပေးနိုင်ချေက အားနည်းလာ စေကာ ကံကောင်းသူ အုပ်စုထဲမှသူများသာလျှင် နေရာ၊ တာဝန်ပေးအပ်ခြင်းခံရကာ ကံတရားအပေါ်မှာသာ တိုင်းပြည်နှင့် ပြည်သူများက ရှိနေပါတော့တယ်။
၎င်းအခင်းအကျင်း ဖြစ်စဉ်များကြောင့်မိမိအဖွဲ့ အစည်းနဲ့ မိမိနိုင်ငံအတွက် ရေရာ မှန်ကန်သည့် လမ်းကြောင်းပေါ်တွင် မရှိနိုင်တော့ပဲ ကံတရားအပေါ်မှာသာ အလုံးစုံ ရပ်တည် မှန်းဆ မှီတည် ရမည့် အခြေအနေ ကိုသာ ရောက်သွားနိုင်မယ်။

၎င်းကဲ့သို့ သောအခြေအနေ များဖြစ်ပေါ် လာမူများ
မရှိကြရစေဖို့ရန်
မိမိတိုင်းပြည်၊
မိမိအဖွဲ့အစည်းအတွက် ၊
ဘေးထွက်ဆိုးကျိုး များကိုပယ်ဖျက် ရှောင်ကျဉ်ကြကာ ၊

ဘေးထွက်ဆိုးကျိုးများ နည်းလာစေကာ ၊
ကောင်းမွန်သော လက်ရှိ ပစ္စုပန်နှင့် အနာဂတ်ကောင်းများကို
ဖန်တီး ထူထောင်၊တည်ဆောက်ကြရမည့် တာဝန်၊ဝတ္တရားများနှင့်အတူ တစ်နေ့ထက် တစ်နေ့၊ ပိုမိုကောင်းမွန်လာစေရန် ကြိုးစား ကြရမှာ မဟုတ်ကြပါလား ?

အလေးထားစွာဖြင့်. ကိုသိန်းဌေး ၈၈ ပဲခူး၊
………. (25.7.2020)……….


Spread the love
  •  
  •  
  •  
  •  
  •  
  •