နှစ် ၁၀၀ ကျော်သက်တမ်းရှိ ရွှေလီကြိုးတံတား​ပြတ်ကျ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

နှစ် ၁၀၀ ကျော်သက်တမ်းရှိ ရွှေလီကြိုးတံတား​ပြတ်ကျ

 

ဒုတိယ ကမ္ဘာစစ်အတွင်းက အင်္ဂလိပ်တွေတည်ဆောက်ခဲ့တဲ့ နမ့်ခမ်းမြို့ နဲ့မန့်ဝိန်းကြီး ကိုဆက်သွယ်ထားတဲ့  ရွှေလီကြိုးတံတား ဟာ ဒီကနေ့ မနက်ပိုင်းမှာ ကျိုးကျသွားခဲ့ပါတယ်။

အဲဒီကြိုးတံတားဟာ ရှမ်းပြည်နယ် မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ် စပ် မန္တလေး-လားရှိုး-ဗန်းမော်-မြစ်ကြီးနား လမ်းပေါ်မှာတည်ရှိပြီးနှစ်ပေါင်းတရာကျော်တိုင် အသုံးပြုခဲ့တာဖြစ်တယ်လို့ သိရပါတယ် ။

နမ့်ခမ်းမြို့ အနောက်ဘက် ၁ မိုင်ခွဲခန့်ဝေးတဲ့နေရာမှာ
အရှည်ပေ ၆၀၀၊ အမြင့် ၃၅ ပေ၊ အကျယ် ၄၅ ပေ ရှည်တဲ့ရွှေလီမြစ်ကြိုးတံတားသစ်ကို ၂၀၀၄ နိုင်ဝင်ဘာ က စတင်တည်ဆောက်ခဲ့ပြီး ၂၀၀၉ ခုနှစ်မှာဖွင့်လှစ်ခဲ့ပါတယ်။

ယခင်က လေလံစနစ်ဖြင့် တံတား ဖြတ်သန်းခကောက်ခံခဲ့ရာမှ ၂၀၁၆ခုနှစ် ဧပြီလ ၁ ရက် မှစ၍ တံတားဖြတ်သန်းခ ကောက်ခံခြင်းကိုရပ်ဆိုင်းခဲ့ပါတယ်။

#YangonNation


Spread the love
  •  
  •  
  •  
  •  
  •  
  •