ပန်းချီဆရာမ နုယဉ် က ဒေါ်အောင်ဆန်းစုကြည်၏ ပုံတူပန်းချီကား ရောင်းချရငွေ ကျပ် ၁၃ သိန်းကို Covid ထိန်းချုပ်ရေး လုပ်ငန်းများအတွက် လှူးဒါန်း

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ပန်းချီဆရာမ နုယဉ် က ဒေါ်အောင်ဆန်းစုကြည်၏ ပုံတူပန်းချီကား ရောင်းချရငွေ ကျပ် ၁၃ သိန်းကို Covid ထိန်းချုပ်ရေး လုပ်ငန်းများအတွက် လှူးဒါန်းလိုက်တဲ့အကြောင်း သူ့ရဲ့ လူမှုကွန်ရက်မှာ အခုလို ရေးသားဖော်ပြထားပါတယ်။

————-

ဖြစ်နိုင်ရင် မြန်မာပြည်အနှံ့က
ကျွန်မချစ်သောမောင်နှမတွေအတွက်
လှူချင်တာကတော့ အများကြီး။

လက်တွေ့မှာတော့
ဆန္ဒရှိတဲ့ထဲက နေရာတချို့ကိုပဲ
သွားလှူပေးနိုင်ခဲ့ပါတယ်။

 

ငွေပမာဏမများပေမယ့်
စေတနာတွေက အလျှံပါယ်ဆိုတာတော့ ..
ရင်ထဲသာ ဝင်ကြည့်ပါလေ။

ကိုဗစ်အတွက် ဒီနေ့လှူပေးနိုင်ခဲ့တဲ့‌နေရာတွေကို
အားလုံးနဲ့အတူမျှဝေချင်လို့ ပြောပြပါဦးမယ်။
ကျွန်မ တန်ဖိုးထား‌နေထိုင်တဲ့ သင်္ဃန်းကျွန်းရယ်..
ကျွန်မ သံယောဇဉ်ကြီးရတဲ့သန်လျင်ရယ်..
ပြီးတော့ ..
လေးစားစွာ ဂုဏ်ယူရတဲ့ ကျွန်မတို့ရဲ့
‘We Love Yangon’ ရယ်…။

 

ဒီလိုမျိုး ရေးဆွဲလှူဒါန်းနိုင်ခွင့်အတွက်
အရင်ဆုံး ကျေးဇူးတင်ချင်တာက ..
စေတနာတူမျှစွာ အ‌မေ့ဓာတ်ပုံလေးပို့ပေးတဲ့‌
ဓာတ်ပုံဖန်တီးသူ‌ ကိုသက်အောင်ပါ။

နောက်ထပ်အထူးကျေးဇူးတင်ချင်တာက
အမေစုပန်းချီကားဝယ်ယူအား‌‌ပေးတဲ့
ကိုဝေဖြိုးတို့မိသားစုရဲ့ မြတ်သောစေတနာပါပဲ။
ဒါကြောင့်မို့လည်း ..
ပန်းချီကားရောင်းရငွေ အပြင်
နောက်ထပ် တစ်သိန်း ထပ်ဖြည့်လို့
စုစုပေါင်း(၁၃)သိန်းကျပ် လှူပေးနိုင်ခဲ့ပါတယ်။

 

အမြဲအားပေးနေတဲ့
ချစ်ရတဲ့မိတ်ဆွေများ အားလုံးကိုလည်း
အစဉ် ကျေးဇူးတင်လျက်ပါ‌နော်။

အလှူကမ္ဗည်းလေးကတော့ ထုံးစံအတိုင်း
‘ပန်းချီနုယဉ်နှင့်အမေစုကိုချစ်သောသားသမီးများ၏ကောင်းမှု’ ဟူ၍ပဲ ဖြစ်ပါတယ်။

ပြည့်မိခင်၏‌ မေတ္တာဓာတ်နှင့် ..
စေတနာရှင်များ၏ အစွမ်းအားဖြင့်
ဤ ကိုဗစ်ကပ်ရောဂါဆိုးကြီးသည်လည်း
အလျင်အမြန် ကင်းစင်ပ‌ပျောက်ရပါစေကြောင်း
ဆုတောင်းနေမိလျက်ပါရှင်။။

ချစ်ခင် လေးစားလျက်
နုယဉ်
6.10.2020


Spread the love
  •  
  •  
  •  
  •  
  •  
  •