ပြင်ဦးလွင်ရှိ ဆရာတော်ကြီးများထံမှ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် လွှတ်တော်ကိုယ်စားလှယ်များ ဩဝါဒခံယူ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ပြင်ဦးလွင်ခရိုင်တွင် သီတင်းသုံးတော်မူကြသော ဆရာတော်ကြီးများထံမှ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် လွှတ်တော်ကိုယ်စားလှယ်များ ဩဝါဒကထာနာယူ ၊ ပစ္စည်းလေးပါး ဆက်ကပ်လှူဒါန်း

ပြင်ဦးလွင်ခရိုင်တွင် သီတင်းသုံးတော်မူကြသော နိုင်ငံတော်ဩဝါဒါစရိယ၊ နိုင်ငံတော် သံဃမဟာ နာယက၊ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်၊ တိုင်းဒေသကြီးသံဃာ့ဝန်ဆောင်၊ တိုင်းဒေသကြီး/မြို့နယ် သံဃနာယကဆရာတော်ကြီးများထံမှ ဩဝါဒကထာများနာယူခြင်းနှင့် ပစ္စည်းလေးပါး ဆက်ကပ်လှူဒါန်း ခြင်းများကို ယနေ့နံနက်ပိုင်က ပြင်ဦးလွင်မြို့ ၊ ရပ်ကွက်ကြီး(၁)၊ ရတနာမာရ်အောင်ကျောင်းတိုက်တွင် ပြုလုပ် ခဲ့သည်။

အခမ်းအနားသို့ နိုင်ငံတော်ဩဝါဒါစရိယ မတ္တရာမြို့ ရွှေသိမ်တော် မြောက်ကျောင်းဆရာတော် ဘဒ္ဒ န္တဘဏ္ဍာဝံသ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် မတ္တရာမြို့ သာသနာ့ဇေတာရုံကျောင်းတိုက် ဆရာတော် ဘဒ္ဒ န္တဝိသုဒ္ဓါစာရာဘိဝံသ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင်၊ မိုးကုတ်မြို့ညောင်သုံးပင်သာမဏေကျော် ပရိယတ္တိစာသင်တိုက်ဆရာတော် ဒေါက်တာ ဘဒ္ဒ န္တ တေဇော သာရာဘိဝံသ၊ မန္တလေးတိုင်းဒေသကြီး သံဃနာယကအဖွဲ့တွဲဖက်အကျိုးတော်ဆောင် ရတနာမာရ် အောင်ကျောင်းဆရာတော် ဘဒ္ဒ န္တကဝိန္ဒအမှူးပြုသော ဆရာတော်သံဃာတော်များ ကြွရောက်ချီးမြှင့် တော်မူပြီး မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ တိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြည်ညိုခဲ့ကြသည်။

အစီအစဉ်အရ ဆရာတော်သံဃာတော်များနှင့် အခမ်းအနားတက်ရောက်လာသူများက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး နိုင်ငံတော်ဩဝါဒါစရိယ မတ္တရာမြို့ ရွှေသိမ်တော် မြောက်ကျောင်းဆရာတော် ဘဒ္ဒ န္တ ဘဏ္ဍာဝံသထံမှ ငါးပါးသီလံခံယူဆောက် တည်၍ ဆရာတော်သံဃာတော်များ ရွတ်ပွားချီးမြှင့် တော်မူသော ပရိတ်တရားတော်များကို နာယူကြည် ညိုကြသည်။

ထို့နောက် ဝန်ကြီးချုပ်က ဆရာတော်ကြီးများအား သာသနာရေးဆိုင်ရာများ လျှောက်ထားရာ တွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် လွှတ်တော်ကိုယ်စားလှယ်များက ပြင်ဦးလွင်ခရိုင်၌ သီတင်း သုံးတော်မူကြကုန်သော နိုင်ငံတော်ဩဝါဒါစရိယ၊ နိုင်ငံတော်သံဃမဟာနာယက၊ နိုင်ငံတော်ဗဟို သံဃာ့ ဝန်ဆောင်၊ တိုင်းဒေသကြီးသံဃာ့ဝန်ဆောင်၊ ဂိုဏ်းပေါင်းစုံ တိုင်းဒေသကြီး/မြို့နယ် သံဃနာယက ဆရာတော်ကြီးများကို စုံညီစွာဖူးမြှော်ကြည်ညိုခွင့်ရသည့်အတွက် ဝမ်းသာပီတိဖြစ်ရပါကြောင်း။
မိမိတို့နိုင်ငံသည် ရှေးယခင် မင်းကောင်းမင်းမြတ်များမှစတင်၍ ဘာသာရေး၊ သာသနာရေးလူမှု ရေးစသည်တို့ကို မြတ်ဗုဒ္ဓ၏ အဆုံးအမကို ခံယူကာ ဗုဒ္ဓယဉ်ကျေးမှုအမွေအနှစ်များကို လက်ခံကျင့်သုံး၍ နိုင်ငံတော်ကြီးကို တည်ထောင်အုပ်ချုပ်ခဲ့ကြကြောင်း။
ယခုအခါတွင် မန္တလေးတိုင်းဒေသကြီးအစိုးရဖွဲ့နှင့် ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ၏ ရွေးချယ်တင်မြှောက်ခြင်းခံရသော လွှတ်တော်ကိုယ်စားလှယ် အသီးသီးတို့က ဆရာတော် အရှင်သူမြတ်တို့ကိုပင့်ဖိတ်၍ ဆရာတော်ကြီးများရှေ့မှောက်၌အပ်နှင်းကာ နိုင်ငံတော်၏ ကျရာတာဝန် များကို ကျေပွန်ထမ်းဆောင်နိုင်ရန်အတွက် လိုအပ်သော ဩဝါဒများခံယူလိုပါကြောင်း။
သာသနာတော်ကြီး အရှည်ခန့်၍ တည်တံ့အောင်၊ သာသနာတော်မြတ်ကြီး ထွန်းကားပြန့်ပွား အောင် ဆရာ၊ ဒကာ လက်တွဲညီညာစွာ ဆောင်ရွက်နိုင်ရေးအတွက် ဆရာတော်ကြီးများက ဩဝါဒ ပေး နိုင်ပါရန် ရိုသေလေးမြတ်စွာဖြင့် လျှောက်ထားခဲ့သည်။
ဆက်လက်၍ နိုင်ငံတော်ဩဝါဒါစရိယ၊ နိုင်ငံတော်သံဃမဟာနာယက၊ နိုင်ငံတော်ဗဟို သဃာ့ ဝန်ဆောင်၊ တိုင်းဒေသကြီးသံဃနာယကဆရာတော်တို့က ဩဝါဒကထာအသီးသီးချီးမြှင့်ကြရာတွင် အထွေထွေရွေးကောက်ပွဲတွင် အားလုံးသောပြည်သူများက မဲပေးပြီး နိုင်ငံ့တာဝန်ထမ်းဆောင်ရန် အပ်နှင်းလိုက်ခြင်းဖြစ်ကြောင်း၊ နိုင်ငံနှင့် လူမျိုးဖွံံဖြိုးတိုးတက်ရန်နှင့် ဘာသာသာသနာတော်ကို ချီးမြှောက် ထောက်ပံ့နိုင်ရန် ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတစ်ခုထူထောင်ရာတွင် ပညာရေးသည် အဓိကအရေးကြီးကြောင်း၊ ထို့ပြင် အစိုးရနှင့် ပြည်သူလူထု၊ ဘာသာသာသနာရေး ဆောင်ရွက်နေကြ သူများနှင့် ရဟန်းရှင်လူအားလုံး ညီညွတ်ကြရန်အရေးကြီးကြောင်း၊ ကိုင်းကျွန်းမှီကျွန်းကိုင်းမှီ သာသနာ ပြုနိုင်လျှင်သာသနာတော်ကြီးအရှည်တည်တံ့ခိုင်မြဲမည်ဖြစ်ပါကြောင်း၊ သာသနာရေး၊ ဘာသာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေးစသည့် ကိစ္စရပ်များကို ဆောင်ရွက်ကြသည့်အခါ သတိရှိရန်၊ သန့်ရှင်းစင် ကြယ်ရန်၊ အဂတိတရားကင်းစင်ရန်လိုအပ်ကြောင်း၊ ကိစ္စတိုင်းတွင်နှိုင်းနှိုင်းချိန်ချိန် ဆောင်ရွက်ကြမည် ဆိုလျှင် အကျိုးများစွာရရှိမည်ဖြစ်ကြောင်း၊ ကာယကံမှု၊ ဝစီကံမှုများကိုလည်း ထိန်းသိမ်းစောင့်ရှောက် ကြရမည်ဖြစ်ကြောင်း၊ လောဘ၊ ဒေါသ၊ မောဟ၊ အဂတိတရား ကင်းရှင်းစွာဖြင့် တည်ကြည် တည့်မတ်စွာ အုပ်ချုပ်၍ ပေးကမ်းထောက်ပံ့ခြင်း၊ လှူဒါန်းခြင်းတို့ကိုလည်း အစဉ်မပြတ် ဆောင်ရွက်သွားကြရမည်ဖြစ် ကြောင်း စသည်ဖြင့် ထည့်သွင်းမိန့်ကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် လွှတ်တော်ကိုယ်စားလှယ်များက ဆရာတော် သံဃာ တော်များထံသို့ သင်္ကန်းအစရှိသော လှူဖွယ်ပစ္စည်းဝတ္တုများဆက်ကပ်လှူဒါန်းပြီးမိုးကုတ်မြို့၊ညောင်သုံး ပင်သာမဏေကျော် ပရိယတ္တိစာသင်တိုက်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တတေဇောသာရာဘိဝံသ ချီးမြှင့် တော်မူသောအနုမောဒနာတရားတော်များကိုနာယူကြည်ညို၍လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှအတန်းပေးဝေကြသည်။
၎င်းနောက် ဆရာတော်သံဃာတော်များနှင့် တက်ရောက်လာကြသူများက အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့ပြီး ပင့်သံဃာတော် ၃၅ ပါးတို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။

MRG
#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •