ပြည်ထောင်စုတရားလွှတ်တော်ချုပ်၌ ကြားနာပြီးမှုခင်းများကို Video Conferencing စနစ်ဖြင့် စီရင်ချက်ချမှတ်မည်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၌ ကြားနာပြီးမှုခင်းများကို Video Conferencing စနစ်ဖြင့် စီရင်ချက်ချမှတ်မည်

 

ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် ကြားနာပြီး စီရင်ချက်ချမှတ်ရန် ထားရှိသော ရာဇဝတ်ဆိုင်ရာမှုခင်းများ၊ တရားမဆိုင်ရာမှုခင်းများ၊ စာချွန်တော် ဆိုင်ရာမှုခင်းများကို Video Conferencing စနစ်ဖြင့် ဒီဇင်ဘာ ၁၊ ၂၊ ၃၊ ၄၊ ၇၊ ၈၊ ၁၀၊ ၁၁ ရက်တို့တွင် နံနက် ၉ နာရီခွဲမှစတင်၍ ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ ရုံးခန်းအမှတ် (၂)နှင့်(၃)တို့မှ စီရင်ချက်ချမှတ်မည်ဖြစ် ကြောင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ကြေညာချက်ထုတ်ပြန် ထားသည်။

စီရင်ချက်ချမှတ်မည့် အမှုစာရင်းများကို ပြည်ထောင်စုတရားလွှတ်တော် ချုပ်ရုံး Website: www.unionsupremecourt.gov.mm နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ ပြည်သူ့ဆက်ဆံရေးဌာနခွဲ၏ Facebook: https://www.facebook.com/ousc. publicrelations တို့ တွင် ခုနစ်ရက်ကြိုတင်၍ ကြည့်ရှုနိုင်ကြောင်း သိရသည်။

MOI


Spread the love
  •  
  •  
  •  
  •  
  •  
  •