ပြည်သူ့ တေးသံရှင်ဒေါ်မာမာအေးရဲ့ မွေးနေ့စကား

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ပြည်သူ့ တေးသံရှင် ဒေါ်မာမာအေးရဲ့ မွေးနေ့စကား

 

ဇူလိုင် ၂၆- ရက်နေ့မှာ မာအေး (၇၈)ပြည့်မွေးနေ့တနင်္ဂနွေ
ကျရောက်ပြီပေါ့ရှင်၊ကြိုပြီးပြောပါမယ်ဆိုခဲ့ပေမယ့်
လှူရမယ့် မာအေးနဲ့အတူဂီတလမ်းလျှောက်ခဲ့သူစာရင်းသေချာအောင်စီစဉ်နေလို့ခုမှပြောဖြစ်တာခွင့် လွှတ်ပေးပါရှင်၊

 

သမီးအေးမေချိုဦး သားတင့်လွင်အေးမိသားစုများ အိမ်တော်ရာကျောင်းဝင်းထဲမှာရှိတဲ့”မတ္တရာကျောင်းတော်”ကဆရာတော်ဘုရားအမှူးထားဆွမ်းကပ်လှူပါမယ်၊ မာအေးသားတင့်လွင်အေးနဲ့မာမာအေးဖေါင်ဒေးရှင်းအဖွဲ့သားများက ဂီတလုပ်ဖေါ် (၃၀)ဦးတို့ကိုအမေ့ကိုယ်စားတဦးလျှင်ငါးသောင်းမျှ​ ​ဝေပေး အပ် ဖို့စီစဉ်ထားပါတယ်ရှင်၊

အမရပူရတောင်လေးလုံးဦးပညာရဲ့ကျောင်းမှာ ကိုဗစ်ကြောင့်မွေးနေ့ပွဲ ခါတိုင်းလိုလုပ်ပေးလို့မရကြောင်းသိရပါတယ်၊
ဒါပေမယ့်ဆရာအမေမွေးနေ့မို့ သင်တန်းကသားသမီးများဆွမ်းချိုင့်ပို့လှူကြပါလိမ့်မယ်ရှင်။

ဖို့ဝိန်းနေအိမ်မှာ ဇေတဝန်ကျောင်းသံဃာများဆွမ်းလုပ်ကြွေးရင်းဖြင့်ဝါဆိုသင်္ဃန်းကပ်ပါမယ်သေဝ် မွေးနေ့ပြုသမျှကုသလတို့အားဘိုဘွားမိဘဆရာသမားအမှူးထားပြီးချစ်သောမိတ်ဆွေမြန်မာပြည်ကချစ်သူတွေ ချစ်သောဂီတသားသမီး တို့တွေ သာဓု ခေါ်ပျော်ကြပါစေရှင်။


Spread the love
  •  
  •  
  •  
  •  
  •  
  •