မအူပင်တွင်အခြေခံလူတန်းစားများနှင့် ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင် ကျောင်းများအား ငါးအချိန် ၁၀၀ လှူဒါန်း   

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မအူပင်တွင်အခြေခံလူတန်းစားများနှင့် ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင် ကျောင်းများအား ငါးအချိန် ၁၀၀ လှူဒါန်း

 

 

မအူပင်  အောက်တိုဘာ ၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ် ထိန်းချုပ်ရေး ကာလအတွင်း မလိုအပ်ဘဲ အပြင်မထွက်ရန် ကန့်သတ်မှုများ ဆောင်ရွက်ထားသဖြင့် လက်လုပ်လက် စားအခြေခံလူတန်းစားများနှင့် မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင် ကျောင်းများအား အာဟာရစားဖွယ် အဆင်ပြေစေရန်အတွက် အလှူရှင်များဖြစ်ကြသည့် မအူပင်မြို့နေ ဦးကျော်သိန်း+ဒေါ်ကြည်လှ မိသားစု၊ ဦးမျိုးမင်းလှိုင်+ဒေါ်ကြည်ကြည်မော် မိသားစုတို့က ငါးဟင်းစားအချိန် ၁၀၀၊ ကာလတန်ဖိုးငွေ ကျပ် ၂၀ သိန်းတို့အား မအူပင်မြို့ ပျိုးခင်းသစ် ဖောင်ဒေးရှင်းအဖွဲ့သို့ ယမန်နေ့နံနက် ၁၀ နာရီကလှူဒါန်းခဲ့ရာ အဆိုပါအဖွဲ့တာဝန်ရှိသူများက ဆက်လက်ဖြန့်ဝေလှူဒါန်းပေးခဲ့ကြောင်း သိရသည်။

အောင်ခိုင် ၊ အောင်မြင့်မြတ်(မအူပင်)


Spread the love
  •  
  •  
  •  
  •  
  •  
  •