“မိန်းမကိုသတ်ပြီး အလောင်းကိုမီးရှို့ခဲ့သူ ပြင်သစ်လူမျိုးတဦးထောင်၂၅နှစ်ကျ”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“မိန်းမကိုသတ်ပြီး အလောင်းကိုမီးရှို့ခဲ့သူ
ပြင်သစ်လူမျိုးတဦးထောင်၂၅နှစ်ကျ”

November 22, 2020

တနိုင်ငံလုံးကို ထိတ်လန့်ခြောက်ခြားသွားစေခဲ့တဲ့အမှုမှာ ဂျိုနသန်ဒါဗယ်(လ်) ဆိုသူဟာမိန်းမကိုသတ်ပြီး အလောင်းကို မီးရှို့ခဲ့တဲ့အတွက် ထောင်ဒါဏ် ၂၅နှစ်ကျခံစေရန် ပြင်သစ်တရားရုံးက အမိန့်ချမှတ်လိုက် ပါတယ်။
အသက်၃၆နှစ်အရွယ်တရားခံပြင်သစ်လူမျိုးဟာ ဂျူရီအဖွဲ့ရဲ့စီရင်ချက်ကိုဖတ်ပြချိန်မှာ မထုံတက်တေး လုပ်နေပါတယ်။ရောက်ရှိနေတဲ့ သူ့ရဲ့မိသားစုဝင်တွေဘက် ကိုသာလှည့်ကြည့်နေခဲ့ပါတယ်။

အစောပိုင်းက သူ့ဇနီးရဲ့ မိဘတွေကိုကြည့်နေရင်း “စိတ်မကောင်းပါဘူး”၊”စိတ်မကောင်းပါဘူး”လို့ပြောဆိုနေခဲ့ပါတယ်။
အစကနဦးက သူမပျောက်ဆုံးနေတယ် လို့ သတင်းပို့တိုင်ကြားခဲ့ပြီး၊နောက်ဆုံးမှာ တော့ သူဟာသူမကိုသေတဲ့အထိရိုက်နှက်ခဲ့ပြီးအလောင်းကို တောအုပ်ထဲမှာမီးရှို့ပစ်ခဲ့တယ်လို့ဝန်ခံခဲ့ပါတယ်။
၂၀၁၇ ခုနှစ်၊အောက်တိုဘာလက ပြင်သစ်ပြည်အရှေ့ပိုင်း ဂရေး လာ ဗီလီမြို့အနီးအနားမှာ သစ်ကိုင်းတွေနဲ့ဖုံးအုပ်ပြီးဖွက်ထားတဲ့ အလက်ဇီယာ ဒါဗယ်( လ်)ရဲ့ လောင်ကျွမ်းတူးခြစ်နေတဲ့ရုပ်ကြွင်းကို တွေ့ရှိခဲ့ရပါတယ်။
အသက်၂၉နှစ်အရွယ် ဘဏ်ဝန်ထမ်းအမျိုးသမီးသမီး အလက်ဇီယာဟာ ကျန်းမာရေးအတွက် ရွရွလေးအပြေး
လေ့ကျင့်နေရာမှ ဘယ်တော့မှ ပြန်ရောက်မလာတော့ဘူးလို့ အစကနဦးကဒါဗယ်(လ်)ကပြောဆိုထားပါတယ်။
တရားရုံးက စီရင်ချက်ချမှတ်ချိန်မှာ
အလက်ဇီယာရဲ့ဖခင် ဂျင်းန် ပီယာ ဖောင်အီလော့(တ်)ဟာ သူ့ဇနီးပုခုံးကို လက်
တဖက်နဲ့သိုင်းဖက်ထားပါတယ်။
မိနစ်အနည်းငယ်အကြာမှာ အမေဖြစ်သူ
အစ္စဘယ်လီဖောင်အီလော့(တ်)ဟာ တရားစီရင်ချက်ပြီးသွားတာကြောင့် သတင်း
ထောက်တွေဆီ စကားသွားပြောခဲ့ပါတယ်။
“ဒါဟာသိတ်ကောင်းတဲ့အဆုံးအဖြတ်ပါ။
ကျွန်မတို့ခံစားရတဲ့အတိုင်းအဆအတိုင်း ကျွန်မတို့အသေအချာမျှော်လင့်ထားကြတာပါ။ဒါမှကျွန်မတို့ စိတ်အေးလက်အေးရှေ့ဆက်နေနိုင်မှာပါ။”လို့
သူမကပြောခဲ့ပါတယ်။
တရားခံရှေ့နေ အော်နယ်လာ စပါတာဖိုရာက ပြစ်ဒါဏ် နဲ့ပတ်သက်လို့အယူခံဝင်မှာမဟုတ်ဘူးဆိုတဲ့ အရိပ်လက္ခဏါကိုအလျှင်အမြန်ပြခဲ့ပါတယ်။
တရားရုံးအပြင်ဘက်မှာတော့ လူဒါဇင်ပေါင်းများစွာဟာ တရားရုံးအဝင်လမ်းကိုပိတ်ဆို့ထားတဲ့အတားအဆီးတွေကို တိုးဝှေ့နေကြပါတယ်။
တရားရုံရှေ့နေတွေက ၂၀၁၇ခုနှစ်မှာဖြစ်ပွါးခဲ့တဲ့ ဒီရာဇဝတ်မှုကိုလင်မယားကြားမှာဖြစ်ပွါးတဲ့စံထားလောက်စရာရာဇဝတ်မှုလို့ခေါ်ဆ်ိုပြီး တသက်တကျွန်းပြစ်ဒါဏ်ချမှတ်ဖို့ တောင်းဆိုခဲ့ကြပါတယ်။

သူရဲ့ဇနီးသေဆုံးပြီးနောက် ဒါဗယ်(လ်)
ဟာ သူရဲ့ယောက္ခမတွေနဲ့အတူ သတင်းစာရှင်းလင်းပွဲတခုမှာ မျက်ရည်စက်လက်နဲ့ တွေ့မြင်ခဲ့ ရပြီး နိုင်ငံ
အနှံ့အပြားမှာသူမ နဲ့ပတ်သက်တဲ့အမှတ်တရ
အခမ်းအနားတွေဖြစ်ပေါ်လာခဲ့ပါသေးတယ်။
နောက်၃လအကြာမှာတော့ဒီ အိုင်တီ
အလုပ်သမားဟာ လူသတ်မှုနဲ့ပတ်သက်ပြီး
ဝန်ခံခဲ့ပါတယ်။သူဟာစကားများရာကနေ သူ့မိန်းမကို ရိုက်နှက်ခဲ့တယ်။မျက်နှာကိုကွန်ကရစ်နံရံနဲ့ ဆောင့်တိုက်ခဲ့သလို လည်ပင်းကိုလည်းညှစ်ခဲ့တယ်လို့ပြောပါတယ်။
သူဟာ အစကနဦးက သူမရဲ့အလောင်းကို
မီးရှို့ခဲ့တာကိုငြင်းဆန်နေခဲ့သေးပြီး၊မနှစ်က ဇွန်လမှာတော့ အဲ့လိုလုပ်ခဲ့တာကို ဝန်ခံခဲ့ပါတယ်။
ဒါဗယ်(လ်) ဟာ အကြိမ်များစွာ လူသတ်မှု နဲ့ ပတ်သက်တဲ့ဇာတ်လမ်းကို အမျိုးမျိုးပြောဆိုနေခဲ့ပြီး ၊ တကြိမ်မှာတော့သူ့ရဲ့ယောက္ဖကိုအပြစ်တင်ပြောဆိုခဲ့ပြီး၊
နောက်တော့မှသူကျူးလွန်ခဲ့တာအားလုံးကို
ပြန်ပြီးဝန်ခံခဲ့ပါတယ်။

တနင်္လာနေ့မှာ တရားသူကြီးက “သူ့မိန်းမသေဆုံးမှုမှာ သူတဦးထည်း ပါဝင်ပတ်သက်တာဟုတ်ပါသလား”လို့ မေးမြန်းခဲ့ရာမှာ”ဟုတ်ပါတယ်။”လို့ဝန်ခံခဲ့ပါတယ်။
ဒီရာဇဝတ်ဟာ ပြင်သစ်တပြည်လုံးကို တုန်လှုပ်ခြောက်ခြားသွားစေခဲ့ပြီး၊လူ၁၀၀၀၀နီးပါးဟာ သူတို့
လင်မယားနေထိုင်ခဲ့တဲ့တိတ်ဆတ်ငြိမ်သက်
တဲ့မြို့လေးထဲကထွက်လာခဲ့ပြီး သူမကိုအမှတ်
တရအနေနဲ့ ငြိမ်သက်စွာ ချီတက်ကြပါတယ်။
အမျိုးသမီးတွေ အပေါ်မှာ လိင်ပိုင်းဆိုင်
ရာစော်ကားမှု နဲ့ ညှင်းပန်းနှိပ်စက်မှုတွေကို
ဆန့်ကျင်တဲ့ တကမ္ဘာလုံးဆိုင်ရာMeeTooလှုပ်ရှားမှုတွေမှာအခုလူသတ်မှုဟာအမျိုးသမီးတွေ
အကြမ်းဖက် ခံနေရတဲ့ဘေးဆိုး ကပ်ဆိုးရဲ့
အမြင့်ဆုံးအခြေအနေတခုအဖြစ် မီးမောင်းထိုး
ပြသနေပါတယ်။

၂၀၁၉ခုနှစ်မှာ အိမ်တွင်းအကြမ်းဖက်မှုရဲ့သားကောင်ဖြစ်ခဲ့ရတဲ့အမျိုးသမီး ၁၂၅၈၄၀ယောက်ရှိခဲ့တယ်လို့
ပြင်သစ်အာဏာပိုင်တွေကပြောခဲ့ပါတယ်။
အခြား၁၄၆ယောက်ကတော့သူတို့ရဲ့
ယောက်ျား(ဒါမှမဟုတ်)ကွဲကွာနေတဲ့
ယောက်ျားဟောင်း ရဲ့ သတ်ဖြတ်တာကိုခံခဲ့ရ
တယ်လို့ပြောပါတယ်။အဲ့ဒီ အရေအတွက်ဟာ
ပြီးခဲ့တဲ့နှစ်က အရေအတွက်ထက် ၂၅ယောက်ပိုများလာခဲ့တယ်လို့ပြောပါတယ်။

Ref:(Ref:AFP)


Spread the love
  •  
  •  
  •  
  •  
  •  
  •