မီးဖိုသုံးဓာတ်ငွေ့အိုးများ ၁၂၀၀၀ ကျပ်ဖြင့် အိမ်အရောက်ဖြန့်ဖြူးပေးနေ  

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မီးဖိုသုံးဓာတ်ငွေ့အိုးများ ၁၂၀၀၀ ကျပ်ဖြင့် အိမ်အရောက်ဖြန့်ဖြူးပေးနေ

ရန်ကုန်   ဇူလိုင်    ၂၄

ရန်ကုန်တိုင်းဒေသကြီးအတွင်း အိမ်သုံးလျှပ်စစ်သုံးစွဲမှုလျှော့ချနိုင်ရန်နှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု မှ လျှော့ချသွားနိုင်ရန်ရည်ရွယ်လျက် အိမ်သုံးဓာတ်ငွေ့ရည်အရောင်းဆိုင်ကြီး ၄ ဆိုင်ဖွင့်လှစ်၍ ပြည်သူများကိုဈေးနှုန်းသက်သာစွာရောင်းချပေးလျက်ရှိကြောင်း တာဝန်​ယူ​ပူး​ပေါင်​း​ဆောင်​ရွက်​​သော လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန

မြန်မာ့ရေနံနှင့်ဓာတုဗေဒလုပ်ငန်းနှင့်ရတနာစုကုမ္ပဏီလီမိတက်တို့မှ သိရသည်

ရန်ကုန်တိုင်းဒေသကြီးအတွင်း မြန်မာ့ရေနံနှင့်ဓာတုဗေဒလုပ်ငန်းမှ ဖက်စပ်လုပ်ငန်းအဖြစ်ဖွင့်လှစ်ထား သော အိမ်သုံးဓာတ်ငွေ့ရည်အရောင်းဆိုင်များမှာ​ တောင်ဥက္ကလာပ၊ အင်းစိန်၊ မြောက်ဒဂုံနှင့် မှော်ဘီမြို့နယ် များ၌ရှိကြောင်း၊ ယင်းအရောင်းဆိုင်ကြီး ၄ ခုမှ ရန်ကုန်တစ်မြို့လုံးသို့ ဖြန့်ဖြူးလျက်ရှိကြောင်း၊ ယင်းအရောင်းဆိုင်များသို့ ညောင်တုန်းသဘာဝဓာတ်ငွေ့တွင်းမှထွက်ရှိသော ရေနံဓာတ်ငွေ့ရည်များကို အဆင့်မြင့်ချက်လုပ်ကာ Boxer ယာဉ်များဖြင့်သယ်ယူကာ ပြည်သူများထံသို့ ဆက်လက်ဖြန့်ဖြူးပေးခြင်းဖြစ် ကြောင်း သိရသည်။

“ရန်ကုန်တိုင်းဒေသကြီးမှာဆိုရင် Gas အသုံးပြုတဲ့ အိမ်ထောင်စုက သုံးသောင်းပတ်ဝန်းကျင်လောက် ရှိတယ်။ ကျွန်တော်တို့ဝန်ကြီးဌာနက ရန်ကုန်မြို့မှာရှိတဲ့မိဘပြည်သူတွေ လျှပ်စစ်သုံးစွဲမှုချွေတာနိုင်ရန် ဖက်စပ်အကျိုးတူလုပ်ငန်းအဖြစ် ရေနံဓာတ်ငွေ့ရည်အရောင်းဆိုင်ကြီး ၄ ဆိုင်ဖွင့်လှစ်ပြီးတော့ ဈေးနှုန်းသက် သာစွာနဲ့ ရောင်းချပေးတာဖြစ်ပါတယ်” ဟု မြန်မာ့​ရေနံနှင့်ဓာတုဗေဒလုပ်ငန်း တောင်ဥက္ကလာပဓာတ်ငွေ့ဆိုင်မှ ဌာနခွဲမှူး ဦးအောင်လွင်ဦးက ပြောသည်။

 

COVID-19 ထိန်းချုပ်ကာကွယ်မှုဆောင်ရွက်နေမှုကာလအတွင်း ပြည်သူများသုံးစွဲမှုသက်သာစေရန် ဓာတ်ငွေ့ရည် 1 kg ကို ကျပ် ၈၀ဝ အထိဈေးလျှော့ရောင်းချပေးလျက်ရှိကြောင်း၊ အိုးအမျိုးအစားအနေဖြင့်  လုပ်ငန်းသုံး 48 kg နှင့် အိမ်သုံး 15 kg အိုးများဖြစ်ကြောင်း၊ မော်တော်ယာဉ်များဖြင့် အိမ်တိုင်ရာရောက် ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။

ရေနံဓာတ်ငွေ့ရည် (LPG)တွင် လုပ်ငန်းသုံးရေနံဓါတ်ငွေ့ရည်ပရိုပိန်း(Propane)၊ အိမ်သုံးရေနံဓာတ်ငွေ့ ရည်ဗြူတိန်း (Butane)၊ ရေနံဓာတ်ငွေ့ရည်အရော(ပရိုပိန်းဗြူတိန်း)ဟူ၍ ၃ မျိုးရှိသည့်အနက်  ဗြူတိန်းသည် ဖိအားနိမ့်ဓာတ်ငွေ့ဖြစ်၍ မိသားစုမီးဖိုချောင်သုံးရာတွင်အထူးသင့်လျော်ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် သဘာဝဓာတ်ငွေ့ထွက်ရှိသည့်တိုင်းပြည်ဖြစ်သော်လည်း ပြည်သူများအကြားသုံးစွဲမှုမှာ အလွန်ပင်အားနည်းနေသေးသည့်အတွက် ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲမှုများပြားလာစေရန်ပညာပေးလုပ်ငန်း များ ဆောင်ရွက်နေကြောင်း၊ ယခင်က VIP အဆင့်သာသုံးစွဲနိုင်ရမှ ယခုအခါပြည်သူများလွတ်လပ်စွာသုံးစွဲနိုင်ပဖြစ်ကြောင်း သိရသည်။

မြို့တော်သတင်း


Spread the love
  •  
  •  
  •  
  •  
  •  
  •