မြန်မာ-တရုတ်နယ်စပ်မှတ်တိုင် (BP-125) အနီး တရုတ်ဘက်မှ ခြံစည်းရိုးကာရံမှု ပြန်လည်ဖျက်သိမ်း

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မြန်မာ-တရုတ်နယ်စပ်မှတ်တိုင် (BP-125) အနီး တရုတ်ဘက်မှ ခြံစည်းရိုးကာရံမှု ပြန်လည်ဖျက်သိမ်း
.
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်ရှိ မြန်မာ-တရုတ်နယ်စပ်မှတ်တိုင် (BP-125) အနီးတွင် COVID-19 ကပ်ရောဂါ အကြောင်းပြုကာ တရုတ်ဘက်မှ ခြံစည်းရိုးကာရံမှုနှင့်ပတ်သက်၍ နိုဝင်ဘာလ ၂၂ ရက်က မြန်မာနိုင်ငံ တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးကန့်ကွက်မှုကြောင့် ပြန်လည်ဖျက်သိမ်းသွားပြီ လို့သိရပါတယ်။
.
တရုတ်ဘက်မှ ခြံစည်းရိုးကာရံမှုနှင့် ပတ်သက်ပြီးနိုဝင်ဘာလ ၂၂ ရက်၊ နံနက်ပိုင်းက လောက်ကိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနနှင့် သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ ပါဝင်သောအဖွဲ့မှ သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ပြီးနောက် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့မှတစ်ဆင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံသို့လည်း တင်ပြထားခဲ့ပြီလို့သိရပါတယ်။

မြန်မာ-တရုတ် နှစ်နိူင်ငံနယ်နိမိတ်‌ ကျောက်
တိုင်(BP-125)အနီး တရုတ်နိူင်ငံဘက်မှ နယ်    စပ်မျဥ်းဧရိယာအတွင်း ခြံစည်းရိုးခတ် လာသည့်အတွက် ကွင်းဆင်းတားမြစ် ညှိနှိုင်းဆွေးနွေးခဲ့ရာ၊တရုတ်နိူင်ငံဘက်မှ(၁၀)မီတာပြန်လည် နောက်ဆုတ်ပေးခဲ့ တယ်လို့
လောက်ကိုင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငွေဒိုးက သူ့ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာမှာ ရေးသားထားပါတယ်။


Photo – U Ngwe Doe

https://m.facebook.com/story.php?story_fbid=2411026265872461&id=100008953324559
.
.


Spread the love
  •  
  •  
  •  
  •  
  •  
  •