ယခုအခါ နေ့စဉ် ၆၅၀၀၀ မဂ္ဂါဝပ်နာရီခန့် ဓာတ်အားစနစ်သို့ တိုးတက်ထုတ်လုပ်ပေးလျက်ရှိ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ယခုအခါ နေ့စဉ် ၆၅၀၀၀ မဂ္ဂါဝပ်နာရီခန့် ဓာတ်အားစနစ်သို့ တိုးတက်ထုတ်လုပ်ပေးလျက်ရှိ

ကိုဗစ်ကာလ ပြည်သူများ၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်များကို ပြည့်မီစွာ ထုတ်လုပ်ပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိရာ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် ယခင် ၂၀၁၆ ခုနှစ်တွင် အရင်းအမြစ်ပေါင်းစုံမှ နေ့စဉ် ၄၈၀၀၀ မဂ္ဂါဝပ်နာရီ ထုတ်ပေးရာတွင် ယခုအခါ နေ့စဉ် ၆၅၀၀၀ မဂ္ဂါဝပ်နာရီခန့် ဓာတ်အားစနစ်သို့ တိုးတက်ထုတ်လုပ်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ထုတ်လုပ်ပေးလျက်ရှိရာတွင် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ ၂၈ ရုံမှ စက်တပ်ဆင်အင်အား ၃၂၂၅ မဂ္ဂါဝပ်ဖြင့် နေ့စဉ်ပျမ်းမျှ ၂၆၀၀ မဂ္ဂါဝပ်နာရီ ၃၆ ရာခိုင်နှုန်းခန့် ထုတ်လုပ်ပေးလျက် ရှိပါကြောင်း၊ ၎င်းအပြင် ထပ်မံတိုးတက် သုံးစွဲလာမည့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ စီမံကိန်းလေးခုကို ဆက်လက် ဆောင်ရွက်လျက်ရှိပြီး အထက်ကျိုင်းတောင်းရေအားလျှပ်စစ်စီမံကိန်း (၅၁ မဂ္ဂါဝပ်)ကို ၂၀၂၁-၂၀၂၂ တွင်လည်းကောင်း၊ အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်း (၂၈၀ မဂ္ဂါဝပ်) ကို ၂၀၂၂- ၂၀၂၃ တွင်လည်းကောင်း၊ အလယ်ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်း (၁၅၂ မဂ္ဂါ ဝပ်) ကို ၂၀၂၄- ၂၀၂၅ တွင်လည်းကောင်း၊ သူဌေးရေအားလျှပ်စစ်စီမံကိန်း (၁၁၁ မဂ္ဂါဝပ်) ကို ၂၀၂၅-၂၀၂၆ တွင်လည်းကောင်း အသီးသီးအချိန်မီထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

မကြာမီကာလ၌ ရေအားလျှပ်စစ်စက်ရုံများတွင် Floating Solar Power Plant များ တည်ဆောက်၍ Hydro – Solar Hybrid စနစ်ဖြင့် ဓာတ်အားပိုမို ထုတ်လုပ်နိုင်ရန် စီစဉ်လျက်ရှိကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် နှစ်စဉ် တိုးတက် သုံးစွဲလာသော လျှပ်စစ် ဓာတ်အားကို တိုးတက်ဖြန့်ဖြူးပေးနိုင်ရန်နှင့် တစ်နှစ်ပတ်လုံး စဉ်ဆက်မပြတ် ထုတ်လုပ်၍ လျှပ်စစ်ဓာတ်အား တည်ငြိမ်စွာ ဖြန့်ဖြူးပေးနိုင်ရန် အတွက် ရေအားလျှပ်စစ်စက်ရုံများ၊ နေရောင်ခြည်စွမ်းအင်သုံး စက်ရုံများ၊ သဘာဝဓာတ်ငွေ့နှင့် အပူစွမ်းအင်သုံး စက်ရုံများ၊ LNG သုံးစက်ရုံများစသည့် လျှပ်စစ်ဓာတ်အားပေး စက်ရုံစီမံကိန်း များကို Generation Mix တွင် အရင်း အမြစ်မျိုးစုံါဝင်ထုတ်လုပ်နိုင်ရေးတို့ကို ဟန်ချက်ညီညီ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •