ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးမှာ ကားတစ်စီး ရှေ့ဘီးပေါက်ပြီး တံတားအောက်ထိုးကျ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးမှာ ကားတစ်စီး ရှေ့ဘီးပေါက်ပြီး တံတားအောက်ထိုးကျ ။

၂၆.၇.၂၀၂၀ ရက်နေ့၊ ၀၅ ၃၅ အချိန်ခန့်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၂၂၉/၆အနီးတွင် ယာဉ်(၁)စီး ရှေ့ယာဘက်ဘီးပေါက်ပြီး တံတားအောက်သို့ ထိုးကျတိမ်းမှောက်မှုဖြစ်ပွားခဲ့ပါတယ်။

အခင်းဖြစ်ပွားရာသို့ ပန်းတင်အမြန်လမ်းမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ ပန်းတင်အမြန်လမ်းမကြီးရဲစခန်းမှ တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ကူညီဆောင်ရွက်ခဲ့ပါတယ်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ကျား(၂)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)အား အမြန်လမ်းရဲတပ်ဖွဲ့ပိုင်ယာဉ်ဖြင့် နေပြည်တော် ကုတင် (၁၀၀၀)ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ တယ်
လို့သိရပါတယ်။

Source – MFSD


Spread the love
  •  
  •  
  •  
  •  
  •  
  •