ရုပ်ရှင်၊ဗီဒီယိုနှင့် ရုပ်သံဇာတ်လမ်းတွဲများ ပြန်လည်ရိုက်ကူးခွင့်ပြုပြီ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ရုပ်ရှင်၊ဗီဒီယိုနှင့် ရုပ်သံဇာတ်လမ်းတွဲများ ပြန်လည်ရိုက်ကူးခွင့်ပြုပြီ

COVID-19 ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး အမျိုးသားအဆင့်ကော်မတီက ရုပ်ရှင်၊ဗီဒီယိုနှင့် ရုပ်သံဇာတ်လမ်းတွဲများ ပြန်လည်ရိုက်ကူးနိုင်ရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာန နှင့် ကျန်းမာရေး နှင့်အားကစား ဝန်ကြီး ဌာနတို့ ညှိနှိုင်း ဆောင်ရွက် ရန် အကြောင်းကြားထားပြီးဖြစ်တယ်လို့ သိရပါတယ်။

 

ကျန်းမာရေး နှင့်အားကစား ဝန်ကြီး ဌာနက ပြုစုထားသည့်ရုပ်ရှင်၊ဗီဒီယိုနှင့် ရုပ်သံဇာတ်လမ်းတွဲများ ရိုက်ကူးရာတွင် လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် checklist များကိုလည်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနှင့် ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့များထံ ပေးပို့ထားပြီးဖြစ်ပါတယ်။

ရုပ်ရှင်ရိုက်ကူး သူများအနေဖြင့် ဇာတ်ကားအမည်၊ ရိုက်ကွင်းနေရာနှင့် ပါဝင်မည့်လူအရေအတွက်ကို ပြန်ကြားရေး ဝန်ကြီး ဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲသို့ တပတ်ကြိုတင်ပေးပို့ရမယ်လို့လည်း သိရပါတယ်။

 

 

 


Spread the love
  •  
  •  
  •  
  •  
  •  
  •