ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထိုက်ဇော်အား လုပ်ကြံသတ်ဖြတ်မှုနှင့် တိုင်းရင်းသားပြည်သူတစ်ဦးချင်း၏ လုံခြံနိုင်မှု

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
ဦးထိုက်ဇော်အား လုပ်ကြံသတ်ဖြတ်မှုနှင့်
တိုင်းရင်းသားပြည်သူတစ်ဦးချင်း၏ လုံခြံနိုင်မှု –

အထွေထွေရွေးကောက်ပြီးချိန်(၁၃) ရက်အကြာ( 21.11.2020) ရက်နေ့ညနေ(၆)နာရီ ကျော်တွင် အကြမ်းဖက် လက်နက်ကိုင်(၂) ဦးမှ ဆိုင်ကယ်ဖြင့်ရောက်လာကာရှမ်းပြည်နယ်၊မဲဆန္ဒနယ်အမှတ်(၁) မှ အမျိုးသားလွတ်တော် အနိုင်ရကိုယ်စားလှယ်ဖြစ်သည့် ဦးထိုက်ဇော်(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) အား ၎င်း၏အိမ်ကို ဥပဒေမဲ့စွာ သေနတ်ဖြင့် လာရောက်ပစ်ခတ် လုပ်ကြံမူကြောင့် ကျောက်မဲမြို့ ပြည်သူ့ဆေးရုံ၌ ညနေ(၆)နာရီမိနစ်(၄၀) တွင်ရောက်ရှိလာသော်လည်း (၆)နာရီ(၅၀) မိနစ်တွင် သေဆုံးသွားရပါတယ်၊
ဦးထိုက်ဇော်အနိုင်ရရှိခဲ့သော ရှမ်းပြည်နယ်၊မဲဆန္ဒနယ်အမှတ်(၁) နေရာတွင် နိုင်ငံရေးပါတီ(၇) ခုကဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်၊
(၁)ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (SNDP /ကျားဖြူ) မှ စိုင်းထွန်းလင်း၊
(၂) ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(SNLD/ကျားခေါင်း) မှ စိုင်းမြထွန်းဆွယ်ဟိန်း ခေါ် စိုင်းဆမ်လျဲန်း၊
(၃) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) မှ ဦးထိုက်ဇော်၊
(၄)ပြည်ခိုင်ဖြိုးပါတီ(USDP) မှ ဦးကျော်စိန်၊
(၅)ပြည်ထောင်စုကောင်းကျိုးပါတီ(UBP) မှ ဦးစိုးကိုခိုင်၊
(၆)တအောင်း(ပလောင်) အမျိုးသားပါတီမှ
ဒေါ်နွယ်နီထွန်း၊
(၇) ညီညွတ်သောဒီမိုကရက်တစ်ပါတီမှ
ဒေါ်အိအိခင်(ဖျက်သိမ်းခံ)၊
စသည်တို့ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်၊

ဦးထိုက်ဇော်(NLD) မှ ခိုင်လုံမဲပေါင်း(၁၀၉၄၉၁) မဲရရှိပြီး၊
စိုင်းမြထွန်းဆွယ်ဟိန်း ခေါ် စိုင်းဆမ်လျဲန်း မှ
ခိုင်လုံမဲပေါင်း(၁၀၉၄၃၇) ရရှိ၍၊
ဦးထိုက်ဇော်(NLD) သည် (၅၄) မဲအသာဖြင့် အနိုင်ရရှိခဲ့ပါတယ်၊
ကျောက်မဲတွင်(NLD) မှ ယခင်ကအနိုင်မရရှိဖူးပေမယ့် ယခု(၂၀၂၀) ရွေးကောက်ပွဲတွင်မှ ဒေသတွင်း တိုင်းရင်းသား ပြည်သူများ၏ လိုလိုလားလား မကြောက်မရွံ့ ဆန္ဒမဲများပေး ကြသောကြောင့် စတင်အနိုင်ရရှိခဲ့ခြင်းဖြစ်ပါတယ်၊
NLD ပါတီ၏ စံထားသည့်မူဝါဒများထဲတွင် ပြည်သူကို အကြမ်းမဖက်သည့်မူဝါဒသည် အရေးကြီးကာ ယင်းမူဝါဒအပေါ်မှာဘဲ
တစ်စိုက်မတ်မတ် သွားနေပါတယ်၊

ကျောက်မဲမြို့နယ်တွင်
တပ်မတော်သာမက ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊
တအောင်းလက်နက်ကိုင်အဖွဲ့(TNLA)၊
တို့၏လူပ်ရှားမူများရှိနေပါတယ်၊

ယခု(၂၀၂၀) အထွေထွေရွေးကောက်ပွဲမတိုင်မီတွင် ရှမ်းပြည်နယ်အခြေစိုက်ပါတီဖြစ်သော
ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(SNDP/ကျားဖြူ) မှ
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD/ကျားခေါင်း) ထံသို့ ညှိနိူင်းမူတစ်ခုကိုထုတ်ပြန်ခဲ့တာကို တွေ့ခဲ့ရပါတယ်၊
(SNLD/ကျားခေါင်း) ပါတီ ဝင်ပြိုင်မည့်နေရာများတွင် (SNDP/ကျားဖြူ) ပါတီမှ ဝင်ပြိုင်မူမလုပ်သလို၊
(SNDP/ကျားဖြူ) ပါတီ ဝင်ပြိုင်မည့်နေရာတွင်လည်း (SNLD/ကျားခေါင်းပါတီမှ ဝင်မပြိုင်ရေး၊
သဘောက သူပါ/ကိုယ်မပါ၊
ကိုယ်ပါ/သူမပါ၊ကိုဆိုလိုတာဖြစ်ပါတယ်၊
ညှီနိူင်းဘို့ကမ်းလှမ်းခဲ့တာကိုတွေ့ခဲ့ရပါတယ်၊
သို့ပေမယ်လို့ (SNLD/ကျားခေါင်း) ပါတီမှ
ထိုကမ်းလှမ်းမူကို လက်မခံခဲ့ပေ၊
(SNLD/ကျားခေါင်း) ပါတီ၏ အကြောင်းပြချက်သည် အကယ်၍ သူတို့ပါတီမှအဆိုပါ ကမ်းလှမ်းမူကို သဘောတူလက်ခံလိုက်ပါက
သူတို့ပါတီကို ဝန်းရံအားပေးထောက်ခံသူများအား စော်ကားရာကျပါမယ်ဟုဆိုခဲ့ကာ၊
မဲဆွယ်စည်းရုံးတဲ့အခါမှာ တစ်ဖွဲ့နှင့်တစ်ဖွဲ့၊
တစ်ဦးနှင့်တစ်ဦး စွပ်စွဲ ပုတ်ခတ် မူမလုပ်ပါဘူးဟု ပြောရေး ဆိုတာရှိခဲ့တာကိုလည်းကြားသိခဲ့ရပါတယ်၊
ဒါပေမယ်လို့ ရွေးကောက်ပွဲမဲဆွယ်ကာလမှာ အနည်းနဲ့အများတော့ ပြသနာထိတွေ့မူကတော့ရှိနေ၊တွေ့ခဲ့ရပါတယ်၊

(၂၀၂၀) အထွေထွေရွေးကောက်ပွဲတွင်
ရှမ်းပြည်နယ်၌ အနိုင်ရမူအခြေအနေကို
ဖော်ပြပါရစေ၊
(SNLD/ကျားခေါင်း) ပါတီမှ
ပြည်သူ့လွှတ်တော်တွင် (၁၃) နေရာ၊
အမျိုးသားလွှတ်တော်တွင် (၂) နေရာ၊
ပြည်နယ်လွှတ်တော်တွင် (၂၇) နေရာ၊
တိုင်းရင်းသားရေးရာတွင်အနိုင်မရရှိခဲ့တာကိုတွေ့ရပါတယ်၊
စုစုပေါင်းမှာ (၄၂)နေရာအနိုင်ရရှိခဲ့ပါတယ်၊

(NLD) ပါတီမှ ရှမ်းပြည်နယ်တွင်
ပြည်သူ့လွှတ်တော်တွင် (၁၄) နေရာ၊
အမျိုးသားလွှတ်တော်တွင် (၄) နေရာ၊
ပြည်နယ်လွှတ်တော်တွင် (၂၉) နေရာ၊
တိုင်းရင်းသားရေးရာတွင် (၅) နေရာ၊
စုစုပေါင်း(၅၁) နေရာအနိုင်ရရှိခဲ့ပါတယ်၊

ပြည်ခိုင်ဖြိုးပါတီ(USDP) သည် ရှမ်းပြည်နယ်တွင် ပြည်သူ့လွှတ်တော်နှင့်အမျိုးသားလွှတ်တော် နှစ်ရပ်ပေါင်း၌ (၁၈) နေရာ
အနိုင်ရရှိပြီး၊
ရှမ်းပြည်နယ်တွင် အခြေပြုပါတီဖြစ်သည့် (SNLD/ကျားခေါင်း) ပါတီထက်(၃) နေရာပိုမိုအနိုင်ရရှိကာ
(NLD)ပါတီက ပထမ၊
(USDP) ပြည်ခိုင်ဖြိုးပါတီကဒုတိယနေရာလိုက်ပြီး၊
(SNLD/ ကျားခေါင်း) ပါတီက (၁၅) နေရာရရှိကာ တတိယလိုက်ပါတယ်၊
အထက်ပါ အနိုင်ရဦးရေ စာရင်းကို ကြည့်ပြီး တွေးဆမူတွေက များပြားလာပါတယ်၊

(SNDP/ကျားဖြူ) ပါတီသည် ပြည်နယ်လွှတ်တော်တစ်ခုတည်းမှာ (၁) နေရာသာ အနိုင်ရရှိခဲ့ပါတယ်၊
(၂၀၁၅) တွင်လည်း ပြည်နယ်လွှတ်တော်(၁) နေရာဘဲ အနိုင်ရရှိခဲ့ပါတယ်၊

(၂၀၁၅) တုန်းက ရှမ်းပြည်နယ်၏ ရွေးကောက်ပွဲအနိုင်ရ အခြေအနေကိုလည်း ဖော်ပြပေးပါရစေ၊
(SNLD/ကျားခေါင်းမှ
ပြည်သူ့လွတ်တော်တွင် (၁၂) နေရာ၊
အမျိုးသားလွှတ်တော်တွင် (၃) နေရာ၊
ပြည်နယ်လွှတ်တော်တွင် (၂၅)နေရာ၊
စုစုပေါင်း (၄၀) နေရာအနိုင်ရရှိခဲ့ပါတယ်၊

(NLD) ပါတီမှ
ပြည်သူ့လွှတ်တော်တွင် (၁၂) နေရာ၊
အမျိုးသားလွှတ်တော်တွင် ၃)နေရာ၊
ပြည်နယ်လွတ်တော်တွင် (၂၃) နေရာ၊
စုစုပေါင်း (၃၈) နေရာအနိုင်ရရှိခဲ့ပါတယ်၊

ပြည်ခိုင်ဖြိုး(USDP) ပါတီမှ
ပြည်သူ့လွှတ်တော်တွင် (၁၅) နေရာ၊
အမျိုးသားလွှတ်တော်တွင် (၃) နေရာ၊
ပြည်နယ်လွှတ်တော်တွင် (၃၃) နေရာ၊
စုစုပေါင်း (၅၁) နေရာ အနိုင်ရရှိခဲ့ပါတယ်၊

အထက်ပါ အနိုင်ရဦးရေကို ကြည့်လိုက်ပါက
ရှမ်းပြည်နယ်တွင် ရှမ်းတိုင်းရင်းသားများကို အဓိကအခြေပြုထားသည့် (SNLD/ကျားခေါင်းပါတီသည် ယခင်အာဏာရှင်အုပ်စုကို
အခြေပြုထားသည့် ပြည်ခိုင်ဖြိုး(USDP ) ပါတီထက် ရှမ်းပြည်တွင် လူထုထောက်ခံမူ နည်းနေသယောင်ရှိနေတာကိုကောက်ချက်ချရပါမယ်၊

တစ်လက်စထဲ (၂၀၁၅) ၌ (NLD) ပါတီ၏ ရွေးကောက်ပွဲတွင် မဟာမိတ်များအပေါ် ထားရှိခဲ့သောမူဝါဒကို ရှင်းပြပါရစေ၊
(NLD) ပါတီ၏ မဟာမိတ်အဖွဲ့ဝင်ပါတီများ၊
(CRPP) အဖွဲ့ဝင်ပါတီများမှ ပါတီခေါင်းဆောင်များက ရွေးကောက်ပွဲဝင်ပါက ရှောင်ပေးသည့်မူဝါဒတစ်ခု ရှိခဲ့ပါတယ်၊
ရခိုင်ပြည်တွင် ဦးအေးသာအောင် ဝင်ရောက်ရွေးချယ်ခံမည့်မဲဆန္ဒနယ်တွင် (NLD) ဝင်ရောက်ရွေးချယ်ခံမူ မလုပ်ခြင်း၊
ဦးပူကျင်ရှင်းထန် ဝင်ရောက် ရွေးချယ်ခံမည့် မဲဆန္ဒနယ်တွင် (NLD) မှာ ဝင်ရောက်ရွေးချယ်ခံယှဉ်ပြိုင်မူမပြုခြင်း၊
စသည်တို့ကို ဆောင်ကျဉ်းခဲ့ပါတယ်၊
ရှမ်းပြည်တွင် (SNLD/ကျားခေါင်း) ပါတီမှ ပါတီ၏ ထိပ်ပိုင်းခေါင်းဆောင်များက ဝင်ရောက်ရွေးချယ်ခံ ယှဉ်ပြိုင်မူမရှိမူကြောင့်သာဖြစ်ပါတယ်၊

ယခုရှမ်းပြည်နယ်၊ကျောက်မဲတွင် ဒေသအတွင်းနေထိုင်ကြပါသော ဇာတိတိုင်းရင်းသား ပြည်သူများနှင့် ဒေသအတွင်း မှီတင်းနေထိုင် ကြပါသော နိုင်ငံသားများက သူတို့၏ လွတ်လပ်ပြီးတရားမျှတမူကို ဆောင်ကျဉ်း ဆုံးဖြတ်ကြကာ သူတို့၏အားကိုး ယုံကြည်မူများအတွက် သူတို့တစ်ဦးခြင်း၏ ဆန္ဒမဲပြား တစ်ပြားခြင်းဖြင့် ပုံအပ်လိုက်ပါသော ပြည်သူ့ဆန္ဒဖြင့် ရွေးကောက်ပွဲဥပဒေ၊နည်းဥပဒေများနှင့်အညီ ရွေးချယ် တာဝန်ပေးလိုက်ပါသော ဒေသအတွင်းရှိ ပြည်သူ့ ကိုယ်စားပြု ကိုယ်စားလှယ်တစ်ဦးဖြစ်သည့်
ဦးထိုက်ဇော် အား ဥပဒေမဲ့ အကြမ်းဖက်ဆန်ဆန် လူကိုသေစေနိုင်သည့် သေနတ်ဖြင့် နေအိမ်တွင် လာရောက် လုပ်ကြံ ပစ်ခတ် သတ်ဖြတ်မူသည် ဒေသအတွင်းနေထိုင်ကြပါသော တိုင်းရင်းသား ပြည်သူတစ်ဦးချင်းအား လက်နက်ပြ ဗိုလ်ကျ စိုးမိုး ချိန်းခြောက်
မူဖြစ်ပါတယ်၊
၎င်းအပြင် ရှမ်းပြည်နယ်အပါအဝင်၊ဝေးလန်ခေါင်သီသည့် ပြည်နယ်အသီးသီးမှ ရိုးသားပြီး၊ရှေးရိုးစွဲဆန်ဆန် နေထိုင်ကြကာ အသက်ရှင်နေထိုင်မူအတွက် ရှာဖွေစားသောက်နေထိုင် ကြပါသောမိမိတို့ တိုင်းရင်းသားအားလုံးကို အကြောက်တရားများပိုမိုလာစေရန် အတွက် ချိန်းခြောက်လိုက်ခြင်းဖြစ်ပါတယ်ဟု ဆိုပါရစေ၊
ယခုလို မင်းမဲ့စရိုက်များ၊ပြုမူဆောင်ရွက်
နေကြမူ မှန်သမျှအား မိမိတို့ တိုင်းရင်းသား ပြည်သူအားလုံးမှ ဆန့်ကျင် ရှုတ်ချ ကြဘို့
လိုလာပါပြီ၊

၎င်းအပြင် ရန်ကုန် နိုင်ငံရေးတွင်လည်း မိမိတို့နိုင်ငံအား စည်းလုံး ညီညွတ်မူ ပြိုကွဲစေရန်၊ညီရင်းအကို၊မောင်နှမသားချင်းများအချင်းချင်းကို သွေးကွဲစေပြီး၊သွေးခွဲကာ တိုင်းပြည်ကို ဆူပူစေပြီး၊ဝရုန်းသုန်းကားဖြစ်လာစေရန်ပြုမူ သူများ၊ သတင်း မီဒီယာများတွင်အင်တာဗျူး၊ပြောမူဆိုမူများအား စိမ်းသည် ကျက်သည် ရင်းနှီးသည်ဖြစ်စေ ကျောသားရင်သားမခွဲခြားပါဘဲ တိတိ ပပ သတိပေးသင့်ပါပြီ၊
ရွေးကောက်ပွဲမတိုင်မှကာလများတွင်လည်း မိမိတို့နိုင်ငံအား Fail State ၊ Fail Country
ဆိုကာ အမျိုးမျိုးသော စကားလုံးများနှင့်
တိုင်းပြည်ကို အမျိုးမျိုး အနှောင့်အယှက်များ ပေးခဲ့ကြတာကိုလည်း မိမိတို့ ပြည်သူအများက သိနေခဲ့ ကြပြီး ဖြစ်ပါတယ်၊
အကယ်၍ သတိပေးရင်းမှ လိုအပ်တာထက်ပိုလာပြီဆိုလျှင် တိုင်းပြည်အတွက် ဖြောင့်မတ် မှန်ကန်သော ဥပဒေများကို ထုတ်ပြန်နိုင်ဘို့လိုအပ်ပါတယ်၊

သို့ဖြစ်ပါ၍ ယခုလို ရှမ်းပြည်နယ်၊ကျောက်မဲမြို့တွင် ဖြစ်ပွားခဲ့သည့် လူကိုသေစေသော သေနတ်ဖြင့်လုပ်ကြံမူသည် နိုင်ငံကို မထေမဲ့မြင်ဖြင့် လက်ရောက်ပစ်ခတ် သတ်ဖြတ်မူ ဖြစ်ပြီး၊ပြည်သူတစ်ဦးချင်းနှင့်ပြည်သူ့ကိုယ်စားပြု ဥပဒေပြုခွင့်ရှိသည့် ဖွဲ့စည်းပုံမှ နိုင်ငံတော်ဟု သတ်မှတ်ထားပါသော ပြည်သူ့ကိုယ်စားလှယ်များ၏ လုံခြုံမူကို ချိန်းခြောက်လာကာ ၊ အရပ်ရပ်သော ပြည်သူတစ်ဦးချင်း၏ လွတ်လပ် လုံခြုံမူနှင့် တရားမျှတမူအား အလေးမထား လွှင့်ပစ်ခြင်းခံကြရပြီး ဥပဒေမဲ့၊ တရားနည်းလမ်းမဲ့စွာ တောရိုင်းဥပဒေဖြင့်ချိန်းခြောက်လိုက်မူဖြစ်ပါတယ်၊

နောင်တွင် ဤကဲ့သို့သောဖြစ်စဉ်များ မဖြစ်ရအောင်နဲ့ ဤကဲ့သို့သော ဖြစ်စဉ်များက တစ်ဖြေးဖြေး ကြီးထွားလာကာ အမြစ်တွယ်မူများ မဖြစ်ကြရလေအောင် အစိုးရနှင့် တပ်မတော်အပါဝင် တိုင်းရင်းသားလက်နက်ကိုင်အင်အားစုအားလုံးမှာ တာဝန်အပြည့်ရှိ
ရှိနေပါကြောင်းနှင့် စောင့်ထိမ်းသင့်တာမှန်သမျှ စောင့်ထိမ်းကြရမည့် ကျင့်ဝတ်များကို တည်ဆောက်နိုင်ကြပါစေကြောင်းအပြင်
တိုင်းရင်းသားဒေသများနှင့်မိမိတို့နိုင်ငံအတွင်း မွေးဖွားကြီးပြင်းနေထိုင်ကြပါသော နိုင်ငံသားပြည်သူ ပြည်သားများအားလုံးအတွက် အသက်၊စီးစိမ်၊အိုးအိမ်နေထိုင်မူအတွက်
လုံခြံနိုင်ကြပါစေကြောင်း၊
လုံခြုံမာများကိုလည်းထိထိရောက်ရောက် ပေးနိုင်ကြပါစေကြောင်း –
သက်ဆိုင်သူလူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းအသီးသီးအား အသိပေးထပ်လောင်းရေးသားလိုက်ရပါတယ်၊
အသက်ဆုံးရှုံးရပါသော ရှမ်းပြည်နယ်၊မဲဆန္ဒနယ်အမှတ်(၁) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထိုက်ဇော်အတွက် တရားမျှတပါစေ၊
ကောင်းရာသုဂတိလားပါစေ၊

ရွေးကောက်ပွဲဥပဒေ၊နည်းဥပဒေများတွင် ရွေးကောက်ပွဲမတိုင်ခင် သေဆုံးသွားသည့် မဲဆန္ဒနယ်အတွက် ရွေးကောက်ပွဲကော်မရှင်က ဆောင်ရွက်ရမည့် နည်းလမ်းသာပါဝင်ပြီး၊
ရွေးကောက်ပွဲအနိုင်ရမူကြေညာပြီးမှ အနိုင်ရလွတ်တော်ကိုယ်စားလှယ် သေဆုံးပါက ဒုတိယခိုင်လုံမဲအများဆုံးရသည့် လွှတ်တော်ကိုယ်စားလှယ်အား အနိုင်ရလွှတ်တော်ကိုယ်စားလှယ်အဖြစ် သတ်မှတ်ရမည် ဟူသော ဥပဒေ၊နည်းဥပဒေ ပြဌာန်းထားမူ လုံးဝ(လုံးဝ) မရှိပါပေ၊
လွှတ်တော်ပထမအကြိမ်အစည်းအဝေးကျင်းပပြီး တစ်နှစ်ကျော်မှသာ လစ်လပ်သွားသည့် ဦးထိုက်ဇော်၏မဲဆန္ဒနယ်တွင် ကြားဖြတ်ရွေးကောက်ပွဲကျင်းပပေးရမှာဟု လွှတ်တော်ရွေးကောက်ပွဲ ဥပဒေအရ စာရေးသူမှ သုံးသပ် ယူဆပါတယ်။

အလေးထားစွာဖြင့်. ကိုသိန်းဌေး ပဲခူး၊
……….(22.11.2020)………


Spread the love
  •  
  •  
  •  
  •  
  •  
  •