“လူမည်းတဦး ကုန်တိုက်လုံခြုံရေးအစောင့်များရဲ့ သတ်ဖြတ်ခံရပြီးနောက် ဘရာဇီးမှာ ဆန္ဒပြပွဲများထပ်မံဖြစ်ပွါးလာ”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“လူမည်းတဦး ကုန်တိုက်လုံခြုံရေးအစောင့်များရဲ့ သတ်ဖြတ်တာခံရပြီးနောက် ဘရာဇီးမှာ
ဆန္ဒပြပွဲများထပ်မံဖြစ်ပွါးလာ”

November 23, 2020

ဘရာဇီးနိုင်ငံက ကာရီဖော ကုန်တိုက်များရဲ့အပြင်ဘက်မှာ တနင်္ဂနွေနေ့က
လူမျိုးရေးခွဲခြားဆက်ဆံမှုများကို ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြပွဲအသစ်တွေ
ဖြစ်ပေါ်ခဲ့ပါတယ်။ပေါ်တိုအယ်လီဂရီ စတိုး
ဆိုင်ခွဲတခုမှာ လူဖြူလုံခြုံရေးအစောင့်တွေက
လူမည်းတဦးကို အသက်သေဆုံးရတဲ့အထိ
ရိုက်နှက်ခဲ့တာကြောင့် ဒီဆန္ဒပြပွဲတွေဖြစ်ပေါ်
လာခဲ့တာဖြစ်ပါတယ်။
တောင်ပိုင်းမြို့တော်မှာ ကြသပတေးနေ့ညက ရိုက်ကူးထားခဲ့တဲ့
ဗီဒီယိုတခုမှာ အသက်၄၀နှစ်အရွယ် ဂဟေဆက်သမား ဂျိုအို အယ်လ်ဘာတို
ဆီဗီရာ ဖရိတ်တက်(စ်)ကို ကယ်ရီဖောဈေး
တခုမှာ လုံခြုံရေးအစောင့်တယောက်က ချုပ်နှောင်ထားပြီး အခြားတယောက်က
မျက်နှာတွေ၊ဦးခေါင်းတွေကို ထပ်တလဲလဲ
ထိုးကြိတ် ရိုက်နှက်နေတာကို တွေ့မြင်ရပါတယ်။ ဒီဗီဒီယိုဟာ လူမှုသတင်း
ကွန်ယက်တွေပေါ်မှာ ပြန့်ပွါးသွားပြီးတဲ့နောက်
သောကြာနေ့မှာပဌမဆုံးစီတန်းလှည့်လည်ဆန္ဒ
ပြပွဲတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ဒီစီရင်စုကနေ
လူမည်း လူမှုရေးနဲ့နိုင်ငံရေး အသိအမှတ်ပြုမှု
နေ့အဖြစ် ဂုဏ်ပြုခဲ့တာကြောင့်ဖြစ်ပါတယ်။
ဆီဗီရာ ဖရိတ်တက်(စ်)ကို မြှုတ်နှံ
သင်္ဂြိုလ် ခဲ့တဲ့စနေနေ့မှာ ဆန္ဒပြပွဲတွေထပ်မံဖြစ်ပေါ်လာခဲ့ပါတယ်။
တနင်္ဂနွေနေ့က ရီယို ဒီ ဂျနေးရိုး မှာ ဆန္ဒပြသူ
၁၀၀ ဝန်းကျင်ဟာ ပြင်သစ်အုပ်စုကုန်တိုက်တွေထဲကတခုတည်ရှိတဲ့ ဈေးဝယ်စင်တာတခုမှာ စုဝေးခဲ့ကြတယ်လို့
AFPသတင်းထောက်တွေကသတင်းပေးပို့ခဲ့ပါတယ်။လူဒါဇင်ပေါင်းများစွာပါဝင်တဲ့ အခြား
သောဆန္ဒပြမှုတွေက ဆယ်လ်ဗေဒို ဒီ ဘါဟီယာ
(ဒါမှမဟုတ်) ဆန်တို့(စ်) လိုမျိုး အခြားအရပ်ဒေသတွေမှာရှိတဲ့ ကယ်ရီဖော
ကုန်တိုက်တွေကိုသပိတ်မှောက်ဖို့ တိုက်တွန်း
ကြပါတယ်။
ရီယိုက ဆန္ဒပြသူတွေဟာ “လူသတ်မှုကျူးလွန်တဲ့ကယ်ရီဖော”၊မကြာသေးခင်က အမေရိကန်ပြည်ထောင်စုမှာ
ရဲတပ်ဖွဲ့က လူမည်းလူနည်းစုတွေကိုသတ်ဖြတ်မှုကြောင့်
ဖြစ်ပွါးခဲ့တဲ့ ဆန္ဒပြပွဲတွေမှာ အသုံးပြုခဲ့တဲ့
ကြွေးကြော်သံဆောင်ပုဒ် “လူမည်းတွေရဲ့အသက်လည်း
အရေးပါတယ်။”စတဲ့ စာတမ်းတွေရေးသားထားတဲ့ အလံတွေကို ကိုင်ဆောင်လာခဲ့ကြပါတယ်။
သောကြာနေ့က ပေါ်တူဂီလို
အင်တာနက်ပေါ်ရေးတင်ထားတဲ့စာတွေမှာ
ကယ်ရီဖောရဲ့အမှုဆောင်အရာရှိချုပ်(CEO)
အလက်ဇန္ဒား ဘွမ်ပတ်(ဒ်) က “ကြောက်စရာကောင်းတဲ့ပြုမူဆောင်ရွက်ချက်”၊ပုံရိပ်တွေဟာ ဘယ်လိုမှ “သည်းခံလို့မရနိုင်”ပါလို့ ရေးသားခဲ့ပါတယ်။
သူက ဝန်ထမ်းတွေကို သင်တန်းပေးတာတွေကိုအပြည့်အဝပြန်လည်
ဆန်းစစ်ဖို့၊လုံခြုံရေးကိစ္စတွေမှာ ကုမ္ပဏီရဲ့ပြင်ပနဲ့ဆက်ဆံရေးတွေမှာ ပြည့်ဝတဲ့ကိုယ်ရည်ကိုယ်သွေးရှိဖို့၊မတူကွဲပြားမှုတွေကိုအလေးထားတတ်ဖို့၊
စိတ်မရှည်သီးမခံနိုင်မှုတွေကိုပယ်ချပစ်ဖို့
အမိန့်တွေကိုလည်းပဲထုတ်ခဲ့ပါတယ်။
တနင်္ဂနွေနေ့က ရီရိုမှာလုပ်ဆောင်ခဲ့တဲ့စီတန်းလှည့်လည်ဆန္ဒ
ပြပွဲတွေမှာပါဝင်ခဲ့တဲ့ လူမည်းပြည်သူများကို
ကာကွယ်ရေး လူမှုသိပ္ပံကျောင်းက ဂျက်ဖာဆန် အာမေးဒီးယပ်(စ်)က “ကျွန်တော်တို့ ဒီတေါင်းပန်မှုတွေကို ဆက်ပြီးလက်မခံတော့ဘူး။သူတို့ဟာစီမံဆောင်ရွက်ချက်တွေကိုမကြာခန ကျွန်တော်တို့ကို ကတိပေးတယ်။ဒါပေမယ့်
ခုအချိန်အထိဘာတခုမှလက်တွေ့လုပ်ဆောင်တာမတွေ့ရသေးဘူး။”လို့သူကပြောပါတယ်။

အခြားသောဆန္ဒပြသူတွေကလည်းသူ့
ရဲ့စိုးရိမ်မှုတွေကို ပဲ့တင်ထပ်ဖော်ပြ ကြပါတယ်။
“ကျွန်တော်တို့ လူမျိုးတွေကိုသူတို့သတ်
ဖြတ်နေကြတာကို ကျွန်တော်တို့ ပါးစ်ပိတ်ပြီး
နေမှာမဟုတ်တော့ဘူး။”လို့ အသက်၂၃နှစ်အရွယ် တိုင်စ် ဒို့စ် ဆန်တို့(စ်)ကပြောပါတယ်။
“ဒီဖြစ်ရပ်ဟာ ဘရာဇီးမှာလူမျိုးရေးခွဲခြားမှုတွေအခုအချိန်အထိ ရှိနေသေးတယ်ဆိုတာပြသနေတယ်။
ကုန်တိုက်တွေပေါ်မှာသာမက ကျူးကျော် ရပ်ကွက်တွေမှာပါလူမျိုးရေးခွဲခြားမှုတွေရှိနေပါတယ်။”လို့ သူက ရီယို ရဲ့ဆင်းရဲ့တဲ့ အရပ်ဒေသတွေကို
ရည်ညွှန်းပြီးထပ်ပြောပါတယ်။

စနေ့နေ့က အကျိုးသက်ရောက်မှုရှိနိုင်တဲ့
G20 ထိပ်သီးစည်းဝေးပွဲမှာ သမ္မတ ဂျိုင်ရ်
ဘိုဆိုနာရိုက ဘရာဇီးနိုင်ငံမှာ လူမျိုးရေးရေး
ခွဲခြားမှုတွေရှိနေတယ်ဆိုတာကို ထပ်မံပြီးဘေးချိတ်ထားပြီး အရေးမကြီးသလိုလုပ်နေခဲ့ပါတယ်။ဘရာဇီး
နိုင်ငံဟာ လူဦးရေ၂၁၂သန်းအနက် လူမည်း
(သို့မဟုတ်) အခြားသွေးနှောလူမျိုးစု ၅၅
ရာခိုင်နှုန်းနေထိုင်ပါတယ်။

ဒီလက်ျာစွန်း ခေါင်းဆောင်က ဒီနိုင်ငံရဲ့ သမိုင်းကြောင်းမှာမပါဝင်ခဲ့ လူမျိုးရေးတင်းမာမှုတွေကို ပြည်ပကနေ ပြည်တွင်းကိုတင်သွင်းလာဖို့ကြိုးစားပြီး၊
ပဋိပက္ခတွေ၊အဆင်မပြေသွေးကွဲမှုတွေကို
ဖြစ်စေချင်နေတဲ့လူတွေလို့ အပြစ်တင်ရှုံ့ချ
ပြောဆိုလိုက်ပါတယ်။

Source:(AFP)


Spread the love
  •  
  •  
  •  
  •  
  •  
  •