လွတ်လပ်ရေးရပြီး ဆိုးမွေဖြစ်ခဲ့သော ပြည်တွင်းစစ်ပွဲများနှင့်ငြိမ်းချမ်းရေးကိစ္စများအား ဖြေရှင်းနိုင်ရေး၊ နှင့်အတူ လူမှန် နေရာမှန် ဆီသို့ …

Spread the love
  •  
  •  
  •  
  •  
  •  
  •  

လွတ်လပ်ရေးရပြီး ဆိုးမွေဖြစ်ခဲ့သော ပြည်တွင်းစစ်ပွဲများနှင့်ငြိမ်းချမ်းရေးကိစ္စများအား
ဖြေရှင်းနိုင်ရေး၊
နှင့်အတူ လူမှန် နေရာမှန် ဆီသို့ …

ယနေ့ကမ္ဘာ့နိုင်ငံများ၏ ဖြစ်စဉ် များတွင် ပြည်သူလူထုမှ သောင်ပြို ကမ်းပြိုမက
ဆက်ကာ ဆက်ကာ အားပေးထောက်ခံ နေသည့်
ခေါင်းဆောင်ဆိုသည်မှာ မိမိတို့မြန်မာပြည်မှာရှိနေပါပြီ၊
ထိုသည်ကို ကမ္ဘာ့နိုင်ငံများစွာမှ ခေါင်းဆောင်များနဲ့အတူ ၎င်းတို့၏ နိုင်ငံသားများ၊
ကမ္ဘာ့နိုင်ငံများ၏ အားပြုရာ ကုလသမဂ္ဂအဖွဲ့အစည်းမှ အထွေထွေအတွင်းရေးမှူးချုပ်၊
ပြည်တွင်း၊ပြည်ပ ရှိလူမူ စီးပွား၊ဘာသာရေး နယ်ပယ်များစွာမှ ချီးကျူး အားပေးထောက်ခံ အသိအမှတ်များပြုနေကြတာကိုကမ္ဘာနဲ့ အဝှမ်း တွေ့မြင်နေရပါတယ်၊
မိမိတို့ မြန်မာပြည်သူများမှ ဝမ်းသာ၊ဂုဏ်ယူ ကြိုဆိုကြရပါတယ်၊
ဤသည်ကို ကျေနပ် မှီတည်၍ မိမိတို့ နိုင်ငံအား အဖက်ဖက်မှ အဆင်ပြေ ရပ်တည်လာနိုင်စေရန် မိမိတို့ အားလုံးတူညီသော တွဲလက်များကို ခိုင်ခိုင်မြဲမြဲ ဆုပ်ကိုင်ကြကာ ရှေ့ဆက်သွားကြရပါမယ်၊

သို့ပါသောကြောင့် ယခင်ခေတ်ကာလအဆက်ဆက်မှ ဖြစ်လာစေခဲ့သော နိုင်ငံရေးပြသနာများကြောင့်
လက်ရှိဖြစ်ပေါ်နေရပါသော စစ်ပွဲများ၊အရပ်ရပ်သောကိစ္စများနှင့်နိုင်ငံ့အရေးရာများကို ပြေလည်သည့် အခြေအနေ အခင်းအကျင်းများဖြစ်ပေါ်လာနိုင်စေရန်၊
မိမိတို့၏ပြည်ထောင်စုကြီးနှင့်ပြည်သူပြည်သားများကိုတကယ်ချစ်၍ ပြည်သူလူထုအပေါ် တာဝန်ကျေပွန်လိုမူရှိကာ ညီညွတ်ပြီးဖွံ့ ဖြိုးတိုးတက်စေခြင်ပါက တပ်မတော်သည် လက်ရှိအစိုးရ၊
နိုင်ငံခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် နှင့်အတူတိတိပပရှိကာ ရပ်တည်ရပေမည်၊
စည်းလုံး ညီညွတ်ခြင်းသည် မိမိတို့နိုင်ငံ၏ ခွန်အားများပင်ဖြစ်ပါတယ်
ယခင်ကတာဝန်ယူခဲ့ကြသူများနှင့်အတူမရှိသင့်ပေ၊
ရှိနေပါကလည်း တိုင်းပြည်နှင့်တိုင်းသူပြည်သားများအပေါ် ဗိုလ်ကျ စိုးမိုးလိုမူမှန်သမျှကို လျော့ပါးစေဘို့လိုအပ်ပါတယ်၊
၎င်းတို့၏ဝန်ထုတ် ဝန်ပိုးများအား ထမ်းပေးနေသကဲ့သို့ဖြစ်နေပါကလည်း၊ ပြည်သူ ပြည်သားများ၏ အထင်အမြင်လွဲစေမူများက
တပ်မတော်အပေါ်တွင် ဖြစ်လာစေနိုင်ပါတယ်၊

ထို့အပြင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအင်အားစုများကလည်း မိမိတို့မြန်မာပြည်အတွက် သင့်တော်ပြီး ဖြစ်သင့်တဲ့ နိုင်ငံရေးစနစ်တစ်ခု ဖြစ်တည်လာစေဘို့ အဖက်ဖက်သော အမြင်၊သဘောထားများဖြင့် တွေးတွေးဆဆ ချင့်ချိန် ညှိနိူင်းကြစေရန်သည် မိမိတို့ ပြည်ထောင်စုကြီးနှင့် မြန်မာပြည်ထောင်စုသားများအားလုံးအတွက် အင်မတန် အရေးပါ လိုအပ်ပါတယ်၊
ဤကဲ့သို့သော အခြေအနေ၊အခင်းအကျင်းများဖြစ်ပေါ်လာပါမှ မိမိတို့နိုင်တွင်ဖြစ်နေသည့် ပြည်တွင်းစစ်များရပ်စဲလာ၍ ငြိမ်းချမ်းရေးသည်လည်းအကောင်အထည်ပေါ်လာမှာဖြစ်ပါတယ်၊
ငြိမ်းချမ်းရေးနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်၊ချမ်းသာရေးသည် ဒွန်တွဲလျက်ရှိနေပါတယ်၊
ငြိမ်းချမ်းရေးရရှိလာပါလျှင်
တိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက်လာ စေမှာဖြစ်ပါတယ်၊
တိုင်းရင်းသား၊နိုင်ငံသားပြည်သူတစ်ရပ်လုံးသည်လည်း ချမ်းမြေ့ပျော်ရွှင်လာစေပြီး၊
တိုင်းရင်းသားဒေသများတွင်လည်း
စစ်ဘေးဒုက္ခသည်များအဖြစ်မနေကြရတော့ပါဘဲ တိုင်းပြည်သည် အေးချမ်း၊တည်ငြိမ် ခိုင်ခန့် ခိုင်မာ တည်မြဲလာစေမှာ ဖြစ်ပါတယ်၊
နိုင်ငံရေးစနစ်ကောင်းများကိုလည်း အခြေချ လာနိုင်မှာ ဖြစ်ပါတယ်၊

လက်ရှိတွင် တည်ဆဲဖွဲ့စည်းပုံနှင့်အညီ
အစိုးရဖြစ်နေသည့် ရွေးချယ်ခံအစိုးရနှင့်တပ်မတော်ပါအဝင် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအင်အားစုများသည် ဆွေးနွေး ညှိနိူင်း တိုင်ပင် ဆုံးဖြတ်၍ တစ်သားတည်းရပ်တည် ခြင်းသည် ဥပဒေနှင့်ညီစေကာ
နိုင်ငံတော်နှင့်နိုင်ငံသားများကို အမှန်တကယ် ကာကွယ်စောင့်ရှောက်ခြင်းပင်ဖြစ်ပေသည်၊
နိုင်ငံအတွင်း ဥပဒေစိုးမိုးမူသည်လည်း အားကောင်းလာပါလိမ့်မယ်၊
ဤသည်ကား မိမိတို့နိုင်ငံ၏ အချုပ်အခြာအာဏာဖြစ်ပြီး အခြားမည်သည့် နိုင်ငံကမျှ မိမိတို့နိုင်ငံနှင့် မိမိတို့နိုင်ငံသားများနဲ့အတူ
မိမိတို့ပြည်သူလူထုမှ ရွေးချယ်ထားသည့် မိမိတို့နိုင်ငံကို ဥပဒေနဲ့အညီ အုပ်ချုပ် စီမံနေသည့် ရွေးချယ်ခံအစိုးရအပါအဝင် အားလုံးကို အထင်သေး၊အမြင်သေးဖြင့်ရှုံ့ချ ဆက်ဆံမူမရှိ နိုင်တော့ ပေ။

မိမိတို့အားလုံးသိမြင်ထားကြဘို့သည် မိမိတို့လို လွတ်လပ်ရေးရပြီးကာလမှစ၍
နိုင်ငံရေးပြသနာများဖြစ်လာခဲ့မူများအား ဖြေရှင်းနိုင်ခြင်းမရှိနိုင်မူကြောင့် ညီညွတ်မူများ လုံးပါး ပါးလာခဲ့ရပြီး တိုင်းပြည်ကို နိုင်ငံရေးတည်ငြိမ်မူ အားနည်းလာစေကာ၊
ပြည်တွင်းစစ်များကို ပြေလည်အောင်
ဖြေရှင်းနိုင်မူ မရှိသေးခြင်းအပြင်၊
ယခုခေတ်ကာလအချိန်အထိ ပြသနာများ၏
အခင်းအကျင်းများတွင်သာ လုံးလည် ချာလည်လိုက်၍ တိုင်းပြည်က ဖွံ့ဖြိုးမူနောက်ကျနေရခြင်းနှင့်
ကောင်းမွန် ချောမွေ့စေသည့်
နိုင်ငံရေးစနစ် တစ်ခုအခြေတစ်ကျ မထူထောင်နိုင်သေးခြင်းသည်တို့ကြောင့် နိုင်ငံရေး၊လူမူစီးပွား၊ပညာ၊ကျန်းမာရေးအပါအဝင် အဖက်ဖက်သော Institutional များကိုခိုင်မာအားကောင်းလာစေရန် ဖွဲ့စည်းထားနိုင်မူမရှိနိုင်ခြင်း၊
စသဖြစ် အားနည်းချိနဲ့လာခဲ့ရကာ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးအပေါ် မှီခိုနေရဆဲ နိုင်ငံငယ်လေးအပေါ် ၊
ကုလသမဂ္ဂအဖွဲ့အစည်းကြီးတွင်
ဓန ငွေကြေး၊ချမ်းသာကြပြီး၊နိုင်ငံရေးဘြဇာ တည်ဆောက်ထားပြီးသောနိုင်ငံကြီးများက ဦးဆောင်ပြီး၊၎င်းတို့စိတ်ကြိုက် အစီအမံများ ကျလာစေရန် အုပ်စုဖွဲ့ မဲပေးဆုံးဖြတ်နေကြတာဖြစ်နေပါတယ် ဆိုသည်ကို သိထားကြဘို့လည်းလိုအပ်ပါတယ်၊
သို့ပါသောကြောင့် မိမိတို့အားလုံး စည်းလုံး ညီညွတ်ကြ၍ မိမိတို့မိတ်ဆွေနိုင်ငံများနှင့်လည်းမျက်ခြေ မပြတ်စေကြပါဘဲ
စုပေါင်းအားများဖြင့် မိမိတို့အားလုံး သဘောတူညီကြပြီးဖြစ်သည့်
ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးကို
မိမိတို့တည်ဆောက်ထူထောင်နိုင်ကြရပါမယ်၊

ယခင်(၂၀၁၅) ကာလမှာ မြန်မာ့နိုင်ငံရပ်ဝန်းပြင်ပမှ သူများအား အစိုးရအဖွဲ့တွင်ရွေးချယ်တာဝန်ပေးခဲ့မူ၊
လွှတ်တော်ကိုယ်စားလှယ်များအဖြစ်ရွေးချယ်မူများကြောင့် ပြီးခဲ့သည့် (၄) နှစ်ကျော်ကာလအတွင်း အနိုင်ရပါတီနှင့်ရွေးချယ်ခံအစိုးရက အတော်အတန် ရုန်းကန်ခဲ့ရပါတယ်၊
ပါတီကြောင့် လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာကြသူ အချို့ကလည်း ပါတီနဲ့တကွ လွှတ်တော်နှင့် အစိုးရကို နည်းစနစ်မှန်ကန်မူ ဖြင့် ဝေဘန်သုံးသပ်ခြင်းမရှိကြပါဘဲ၊
media တွင်ပါဝင်ပြီး လက်ခုပ်သံများချူ၍ ပြောဆို တိုက်ခိုက်ခြင်းများရှိခဲ့ပါတယ်၊
ဒါက ဘယ်လမ်းအပေါ် ဇောင်းပေးသွားပါသလဲဆိုတော့ နိုင်ငံရေးလေ့လာသုံးသပ်သူလိုလို၊ နိုင်ငံရေးသမားလိုလို၊တော်လှန်ရေးလိုလို သူများကလည်း တိုင်းပြည်ကို အထောက်အကူမဖြစ်စေပါဘဲ၊
အနှောင့်အယှက်ပေးတဲ့လမ်းကြောင်းပေါ်ရောက်သွားခဲ့ကြတာကို တွေ့ရပါတယ်၊
ဥပမာ ( Fail State ၊ Fail Country ) ဆိုသည့်စကားရပ်ကို မျက်စိ စုံမှိတ် တစ်သွင်သွင်ပြောဆိုနေတာမျိုးကို တွေ့ကြုံခဲ့ရပြီး၊
ယခုလည်းထိုသူများက မိမိတို့တိုင်းရင်းသား ညီရင်းအကို၊မောင်နှမ သားချင်းများကြားမှာ သွေးကွဲစေနိုင်မည့် အသုံးအနူန်း၊စကားရပ်များကို ပြောဆို သုံးနူံးလာကြပြန်ပါပြီ၊
မိမိတို့ တိုင်းသူပြည်သား၊တိုင်းရင်းသားအားလုံးမှ အထူးပင်သတိထားသုံးသပ်ကြစေရန် အရေးကြီးလှပါတယ်၊
ယခင်ခေတ်ကာလက ထိုကဲ့သို့သော သူများအား တိုင်းရင်းသားခေါင်းဆောင်များက ဘာတွေပြောခဲ့ကြသလဲဆိုတော့ ရန်ကုန်နိုင်ငံရေးရယ်လို့ပြောရေးဆိုခဲ့ သမုတ်ခဲ့ကြပါတယ်၊
ယခုခေတ်ကာလမှာ ရန်ကုန်နိုင်ငံရေးသည်ခေတ်ကာလအလိုက် အပေါ်ဆီးမှ စီးမျှော နိုင်ခွင့်ခေတ် မရှိတော့ပါ၊
ပြည်ထောင်စုကြီးတစ်ခုလုံး၏ ပြည်ထောင်စုနယ်မြေဒေသ အားလုံး၏ တန်းတူ ရည်တူရှိတဲ့၊မိမိတို့ နိုင်ငံအရေးအရာအားလုံးအပေါ် တန်းတူ ရည်တူ လက်ရည်တစ်ပြင်တည်း အတူတကွ ဆုံးဖြတ်နိုင်ခွင့်ရရှိထားသည့် နိုင်ငံရေးသာဖြစ်ပါတယ်၊
ဒီတစ်ခါတော့ဖြင့်မိမိတို့ ပြည်ထောင်စုကြီးကို ဝရုန်းသုန်းကားဖြစ်စေနိုင်မည့်အပြောအဆို အရေးအသားမှန်သမျှကို အလေးထားအသိအမှတ်ပြုခြင်း မရှိကြပါဘဲ၊
သဘောတူ လက်ခံမူများ မပြုကြပါဘဲ၊
မိမိတို့ ပြည်သူလူထုအားလုံးမှ ဆန့်ကျင်ကြဘို့လိုအပ်လာပါပြီ၊

ယခုပြောင်းလဲဖွဲ့စည်းမည့် ပြည်ထောင်စုအစိုးနှင့် ပြည်နယ်အစိုးရ၊တိုင်းဒေသကြီးအစိုးရများတွင်လည်း အတွေ့အကြုံရှိပြီး၊
သက်ဆိုင်ရာဒေသများအပေါ် ကောင်းမြတ်သည့်နိုင်ငံရေးဘြဇာ သက်ရောက်မူရှိနိုင်သူများ၊
အနိမ့်ဆုံးတော့ အတန်းပညာ အတန်အသင့်ရှိသော အခြေခံအထက်တန်းအဆင့်အောင်မြင်ပြီး၊တက္ကသိုလ်တစ်ခုမှ ဘွဲတစ်ခုရရှိထားကြသူများနှင့် အနည်းဆုံး တက္ကသိုလ်အဆင့် ပညာရေးကိုတက်ရောက်ခဲ့ကြသူများ၊အတွေ့အကြုံရှိနိုင်ငံရေးသမားများဖြစ်၍
မိမိ၏တာဝန်ကို စိတ်ပါဝင်စားပြီး၊ပေးထားချက်ဥပဒေနဲ့အညီ နိုင်ငံရေး သတိ၊သတ္တိဖြင့်သက်ဆိုင်ရာဒေသအကျိုး၊ပြည်သူအကျိုးနှင့် ဒေသ၊ဒေသတွင်းနေပြည်သူများ၏ဘဝများအပေါ် စိတ်ဝင်စားပြီး၊ အနွံအတာခံသည့် လူပုဂ္ဂိုလ်များအား တာဝန်ပေးခန့်အပ်နိုင်ဘို့လိုအပ်ပါတယ်၊
နိုင်ငံရေးကျင့်ဝတ်နဲ့ နိုင်ငံရေးဂုဏ်သိက္ခာရှိစေဘို့လည်းလိုပါတယ်၊
အုပ်စုဖွဲ ပေးနိုင် ကမ်းနိုင်သူကိုသာရွေးချယ်တာဝန်ပေးလိုက်ပါက အစိုးရ၏ ချမှတ်ထားသော မူဝါဒအားလုံးက အဟောသိကံ ဖြစ်သွားနိုင်ပါလိမ့်မယ်၊
ထိုကဲ့သို့သောသူအများစုက နိုင်ငံတော်၏ ပစ္စုပန်နဲ့ အနာဂတ်ကို စိတ်တစ်စားရှိမူအားအလွန်နည်းပါလိမ့်မယ်၊
သူတို့ တစ်ကိုယ်ရေ တစ်ကာရ အတွက်နဲ့ လုပ်ပိုင်ခွင့် အာဏာကိုသာ သူတို့စိတ်ဝင်စားကြမှာဖြစ်ပါတယ်၊
အလွယ်နေရာရခဲ့ကြလို့ အလွယ်ဘဲစဉ်းစား လုပ်ကိုင်ကြမှာပါ၊
ပြည်သူလူထုဘဝများကို စိတ်ဝင်တစ်စား
ရှိကြမှာမဟုတ်ပါဘူး၊
လွတ်လပ်ရေးရပြီး ဖဆပလခေတ်အစိုးရမှသည် (၂၀၁၅)အထိ ကြည့်ကြည့် ပါ၊
တိုင်းပြည်တစ်ခုမှာ ငွေကြေးဓန အင်အားကလည်းအရေးကြီးလိုအပ်သ်ာလည်း ပြည့်ဝမ်းစာနဲ့ ပြည့်ဓန အင်အားက ပြည့် အစိုးရမူဝါဒနဲ့ လုပ်နိုင်အားတွေအပေါ်မှီတည်ပါတယ်၊
ချမ်းသာပြီး ပေးနိုင်၊ကမ်းနိုင်သူကို နိုင်ငံရေးရာထူးပေးလို့ တိုင်းပြည်က အဆင်ပြေချမ်းသာလာပါတယ်ဆိုသော ကြိုးစားအားထုတ်မူမျိုးကို မည်သည့်နိုင်ငံကမျှ မကျင့်သုံးကြပါဘူး၊
သို့ပေမယ်လို့ မိမိနိုင်ငံက ငွေကြေး ဓန ပြည်ံစုံသူများကို သူ့အကျိုးနဲ့အတူ တိုင်းပြည်အကျိုး အမြတ်ရရှိစေနိုင်မည့် နိုင်ငံတစ်ကာနှင့် ကူးလူးဆက်ဆံ ရင်းနှီးမြုပ်နှံနိုင်သည့်
မူဝါဒ၊ဥပဒေ၊နည်းဥပဒေများကို အစိုးရက လမ်းဖွင့်ပေးဘို့လိုပါတယ်၊
နိုင်ငံရေးရာထူးမှာ စီးပွားရေးသမားတွေပါဝင်မူများလာပြီဆိုလျှင် သေချာနိုင်တာက အတော်ကို
ထိန်းကြောင်းရပါလိမ့်မယ်၊
နိုင်ငံရေး ကျင့်ဝတ်နဲ့ နိုင်ငံရေး ဂုဏ်သိက္ခာဆိုတာက တိုင်းပြည်တစ်ခုမှာ အသက်တမျှ အရေးကြီးလှပါတယ်၊

ဥပမာ ယနေ့ အမေရိကန်ပြည်ထောင်စု၏ ဖြစ်နေတဲ့ ဖြစ်စဉ် အခြေအနေများကို ကြည့်ကြည့် လိုက်ကြပါ၊
အခြေအနေ ဖြစ်စဉ်အားလုံးကိုတွေ့ကြရမှာပါ၊

မုသားမပါ လင်္ကာမချောဆိုတာ စီးပွားရေး အရောင်းအဝယ်မှာသာ ရကောင်းရနိုင်ပေမဲ့
နိုင်ငံရေးမှာ အသုံးမတဲ့ပါဘူး၊

ပြည်နယ်အစိုးရများတွင်လည်း အထက်ပါ အခြေအနေရှိ အနိုင်ရ ပြည်နယ်အတွင်းတိုင်းရင်းသားပါတီများနှင့် ညှိနိူင်း ပါဝင် ထည့်သွင်း တာဝန်ပေး ခန့်အပ်နိုင်ဘို့လည်းအရေးပါလိုအပ်ပါတယ်၊
(၂၀၂၀) အစိုးရသည် အမျိုးသားညီညွတ်ရေးပုံရိပ် အခင်းအကျင်းများ အားကောင်းစေဘို့လိုအပ်ပါတယ်၊
ယခုပြောင်းလဲဖွဲ့စည်းမည့် အစိုးရသစ်သည်
(၂၀၁၅) အကူးအပြောင်းကာလအစိုးရထက် ပိုမိုအရေးကြီးလုပ်ဆောင်ရန်လိုအပ်ပြီး၊
အနိုင်ရပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD )ပါတီသည် နိုင်ငံတစ်ဝှမ်း
တိုင်းရင်းသား ပြည်သူ ပြည်သား အားလုံး၏ (၅) ပုံ(၄) ပုံကျော် ထောက်ခံမူများရရှိထားပြီး၊
တိုင်းပြည်နှင့် ပြည်သူ့အရေးအရာများကို
ပထမဦးစားပေးဆောင်နိုင်မူများသည်လက်တွေ့ကျကျ တုံ့ပြန်ဆောင်ရွက်မူများ အားကောင်းစေရန်လိုအပ်ပါတယ်၊
မြန်မာပြည်နှင့်အတူတူ ရပ်တည်နေသော
ဒေါ်အောင်ဆန်းစုကြည်၊
ဒေါ်အောင်ဆန်းစုကြည်နှင့်အတူတူရပ်တည်
နေကြသော မိမိတို့ တိုင်းရင်းသား ပြည်သူများ၊
များစွာ …များစွာလှသော မြန်မာပြည်သူများ၏
လက်ရည်တစ်ပြင်တည်းအတူတကွ ရှိနေကြမူသည် မိမိတို့အားလုံးသဘောတူ လက်ခံထားကြသည့်
ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး ထူထောင်
တည်ဆောက်ရေးအတွက် အရေးပါသော စည်းလုံး ညီညွတ်သည့် စုပေါင်းအင်အားများပင်ဖြစ်ပေ တော့သည်။

အလေးထားစွာဖြင့်.ကိုသိန်းဌေး ၈၈ ပဲခူး၊
……….(21.11.2020)……….


Spread the love
  •  
  •  
  •  
  •  
  •  
  •