အမေရိကန်ဒေါ်လာ (၂) သိန်းခန့် တန်ဖိုးရှိ Test Kits များ Posco International Corporation မှ လှူဒါန်း

Spread the love
  •  
  •  
  •  
  •  
  •  
  •  

အမေရိကန်ဒေါ်လာ (၂) သိန်းခန့် တန်ဖိုးရှိ Test Kits များ Posco International Corporation မှ လှူဒါန်း
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗

ရန်ကုန်၊ အောက်တိုဘာ (၁၃)

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် Posco International Corporation မှ အမေရိကန်ဒေါ်လာ (၂) သိန်းခန့် တန်ဖိုးရှိသည့် RT-PCR Test Kits နှင့် Antigen Test Kits များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို အောက်တိုဘာလ(၁၃) ရက်နေ့၊ နံနက်ပိုင်းက ရန်ကုန်မြို့၊ ဆေးသုတေသနဦးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင်မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံသံရုံးမှ သံရုံးဒုတိယအကြီးအကဲ Mr.Hahm Jeonghan ၊ Posco International Corporation မှ Managing Director Mr.Jung – Hwan Lee နှင့် တာဝန်ရှိသူတို့က RT-PCR Test Kits အခုရေ(၁၅၀၀၀)နှင့် Antigen Test Kits အခုရေ (၁၃၆၂၅) ခုအားပေးအပ်လှူဒါန်းခဲ့ရာ ဆေးသုတေသနဦးစီးဌာနမှ ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။

#ရန်ကုန်သတင်းဌာနခွဲ
#MRTV


Spread the love
  •  
  •  
  •  
  •  
  •  
  •