အမေရိကန် သမ္မတထရမ့် တင်တဲ့ပို့စ်ကို Facebook နဲ့ Twitter ကဘာကြောင့်ဖြုတ်ချသလဲ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

Facebook နဲ့ Twitter က အမေရိကန်သမ္မတထရမ့်တင်တဲ့ post ကို အင်္ဂါနေ့က ဖယ်ရှားပစ်ခဲ့တဲ့သတင်းကို မနေ့ကဖတ်ရတယ်။

Facebook က သမ္မတရဲ့ post ကို ဖယ်ရှားပစ်ရတာကတော့ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်လို့ သတင်းအမှားတင်လို့တဲ့။

ထရမ့်ကလည်း ကိုရိုနာဗိုင်းရပ်စ်ရဲ့ “severity of Covid-19” နဲ့ပတ်သက်ပြီး လူတွေထင်ယောင်ထင်မှားဖြစ်အောင် post တင်တာကိုး။

Twitter ကလည်း ထရမ့်ရဲ့အလားတူ tweet မျိုးကို ဖြုတ်ချပစ်ခဲ့တယ်။

Facebook မှာ third-party fact-checking program လို့ခေါ်တဲ့ သတင်းအမှန်စိစစ်ရေး ပရိုဂရမ်ရှိပေမယ့် သမ္မတထရမ့်လို နိုင်ငံရေးသမားတွေကို အရေးယူခဲတယ်။

ဒါပေမယ့် COVID-19 နဲ့ပတ်သက်တဲ့ ကျန်းမာရေးနဲ့ဆိုင်တဲ့ ကိစ္စမျိုးမှာတော့ လူတွေထင်ယောင်ထင်မှားဖြစ်မယ့် post မျိုးကို သည်းခံမယ့်ပုံမပေါ်ဘူး။

ထရမ့်ကတော့ကြည်မှာမဟုတ်ဘူး။ အရင်တစ်ခါကလည်း Twitter က သူ့ tweet ကို ဖယ်ပစ်လို့ဒေါသထွက်ဖူးတယ်။

ကျနော့်အတွေ့အကြုံအရ Facebook ရဲ့ သတင်းအမှန်စိစစ်တဲ့ AI ပရိုဂရမ်ကအတိကျကြီးမဟုတ်ဘူး။

လွန်ခဲ့တဲ့ ၂ နှစ်လောက်က ဝံပုလွေတွေလမ်းလျှောက်နေတဲ့ပုံနဲ့ ခေါင်းဆောင်ဆိုတာဘာညာနဲ့ လူတွေအရမ်းရှယ်နေကြတဲ့ မိုတီ post တစ်ခုတွေ့တော့ ကျနော်က #သတင်းမှားဖြစ်ကြောင်းတင်တယ်။

အဲ့ဒီတုန်းက ဘာမှမဖြစ်ဘူး။ လွန်ခဲ့တဲ့ ၆ လ လောက်က memory ပြန်တက်လာတော့ facebook ကပုံကိုသတင်းအမှားအဖြစ်လာပြောထားတယ်။ ကျနော်ကပုံထဲမှာ သတင်းမှားလို့ရေးပြီး ကြက်ခြေခတ်ထားတာ သူမသိဘူး။

လူမဟုတ်ပဲ AI ဖြစ်နေတော့မတိကျတာ။

ကျနော်ပြောချင်တာက အခု ဆိုရှယ်မီဒီယာတွေမှာ သတင်းမှန်စိစစ်ရေးလုပ်လာပြီမို့ သတိထားဖို့လိုလာပြီ။

Facebook က ထရမ့် ရဲ့post တင် သတင်းအမှားလို့ယူဆရင် ဖယ်ရှားပစ်တာမဟုတ်ဘူး။ 🇵🇭 ဖိလစ်ပိုင်က fake account အကောင့်တုတွေကိုလည်း ဖယ်ပစ်တာပဲ။

🇵🇭 ဖိလစ်ပိုင်သမ္မတ Duterte က အဲ့ဒီကိစ္စကို အတော်မကြည်ဘူး။ TV ကနေ မိန့်ခွန်းပြောရာမှာ ထည့်ပြောသွားတယ်။ သူ့ဘက်တော်သား အကောင့်တွေထိတဲ့အထဲပါပုံရတယ်။

Facebook, ငါပြောတာနားထောင်၊ တို့ကမင်းကိုဒီမှာလုပ်ကိုင်ခွင့်ပေးထားတာဟာ မင်းကတို့ကိုကူမယ်ထင်လို့တဲ့။ အကယ်လို့မှ အစိုးရက လူတွေအတွက်ကောင်းမယ်ထင်တဲ့အရာကို ထောက်ခံပြောလို့မရရင် ငါ့တိုင်းပြည်ထဲမှာ မင်းတို့ရဲ့ရည်ရွယ်ချက်ကဘာလဲတဲ့။

ကျနော်ကတော့ အခုလို Facebook နဲ့ Twitter တို့ရဲ့ #သတင်းအမှန်စိစစ်ရေးပိုလုပ်လာတာကိုသဘောကျတယ်။

လူတွေကို သတင်းအမှားများများကျွေးပြီး ဦးနှောက်အဆိပ်ခပ်နေတဲ့သူတွေအများကြီး။

🇵🇭 ဖိလစ်ပိုင်သမ္မတ Duterte ပြောခဲ့တဲ့စကားတစ်ခွန်းကို သူဘာဆိုလိုမှန်းသေချာမသိဘူး။ ဒါပေမယ့်သဘောကျတယ်။

ကျနော်လည်းကိုယ့်ကိုယ်ကို အဲ့ဒီမေးခွန်းကိုပြန်မေးမိတယ်။

Duterte ပြောသွားတာက “Is there life after Facebook? I don’t know.” တဲ့။

“Facebook မရှိရင်လူတွေဘယ်လိုနေမလဲ? ငါမသိဘူး” လို့ အကြမ်းဖျင်းဘာသာပြန်ပေးလိုက်ပါတယ်။

Richard Myo Thant
8-October-2020


Spread the love
  •  
  •  
  •  
  •  
  •  
  •