​ေမှာ်ဘီမြို့နယ်မှာ  ငွေ၄သောင်းမရ၍ တိုင်ကြားသူကို ရဲဒင်းနှင့်ခုတ်မှုဖြစ်ပွား

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ဝက်ကလေးတို့ လူစုက ငွေ၄သောင်းမရ၍ တိုင်ကြားသူကို လက်သီးဖြင့်ထိုးလေးခွနှင့်ပစ် သံတုတ်နှင့်ရိုက် ရဲဒင်းနှင့်ခုတ်မှုဖြစ်ပွား

မှော်ဘီ ၊ နိုဝင်ဘာ၂၃ / ၂၀၂၀

နိုင်ငံတော်မှ ဝင်ငွေပုံမှန်မရှိသော အခြေခံ
ပြည်သူများအားထောက်ပံ့သည့် ထောက်ပံ့ေ
ကြးငွေ ၄သောင်းမရ၍ ဦးဆောင်တိုင်ကြားခဲ့သူကို နိုဝင်ဘာ ၂၂ ရက် နံနက်(၁၁)နာရီခန့်အချိန့်ကဝက်ကလေးအပါအဝင်လူတစ်စုမှ လက်သီးဖြင့်ထိုး လေးခွနှင့်ပစ် သံတုတ်နှင့်ရိုက် ရဲဒင်းဖြင့်ခုတ်မှုဖြစ်ပွားခဲ့ကြောင်း မှော်ဘီမြို့မရဲစခန်းမှသိရသည်။

ဖြစ်စဉ်မှာ တရားလိုသည် ၂၂-၁၁-၂၀၂၀
နေ့ နံနက်(၁၁း၀၀)နာရီခန့်တွင် ရွှေမြယာကျေ
းရွာ မြရတနာလမ်းနေ ယောင်းမတော်စပ်သူ
မမြင့်မြင့်သောင်း၏နေအိမ်သို့ ခေတ္တခနရောက်ရှိနေစဉ် သမီးဖြစ်သူ မသင်းရနံ့လှိုင် ရောက်ရှိလာပြီး ” အမေရေ အဖေကြီးကို အောင်ရတနာ လမ်ပေါ်မှာ ကိုဝေဖြိုးတို့က ရဲဒင်းနဲ့ခုတ်လို့ ဒဏ်ရာရသွားတယ် ” ဟုပြောဆိုသဖြင့် တရားလိုသည် အိမ်နီးချင်းဖြစ်သူ မပန်းအိ ၊ မလုံးလေးတို့နှင့်အတူ ၄င်းနေရာသို့သွားရောက်ခဲ့ရာ

ခင်ပွန်းဖြစ်သူ မျိုးအောင်မှာ ဦးခေါင်းနောက်စေ့ ဖူးယောင်ပေါက်ပြဲဒဏ်ရာတစ်ချက် ၊ ဦးခေါင်းထိပ် ဖူးယောင်ဒဏ်ရာတစ်ချက် ၊ ဘယ်ဘက်ပါးနာကျင်ဒဏ်ရာ၊ ဘယ်ဘက်လက်ကောက်ဝတ် ပြတ်ရှဒဏ်ရာ(၁)ချ
က် ၊ ဘယ်ဘက်တံတောင်ဆစ်ပွန်းပဲ့ဒဏ်ရာ ၊
ဘယ်/ ညာခြေသလုံး ဖူသယောင်နာကျင်ဒဏ်
ရာ(၂)ချက် တို့နှင့်အတူ မြေကြီးပေါ်လဲကျနေသည်ကိုတွေ့ရသဖြင့် ခင်ပွန်းဖြစ်သူအားမေးမြန်းရာ

 

” နိုင်ငံတော်မှ ထောက်ပံ့သည့်ငွေ ၄ သောင်းမရသူများအားဦးဆောင်၍ စာရင်းကောက်သည့် မကျေနပ်ကာ ခင်ပွန်းဖြစ်သူ မျိုးအောင်အား တစ်ရွာတည်းနေ ဝေဖြိုးမှ လက်သီးဖြင့်ထိုး၍ ဘယ်ဘက်ပါးနာကျင်ဒဏ်ရာ(၁)ချက် လည်းကောင်း၊ ဝက်ကလေးမှ အရှည် (၁)ပေခွဲခန့် သံတုတ်ဖြင့်ရိုက်၍ ဦးခေါင်းနောက်စေ့ဖူးယောင်ပေါက်ပြဲဒဏ်ရာ(၁)ချက်၊ (အလျား ၁လက်မခွဲခန့် ၊အနက် ၁ လက်မခန့်)လည်းကောင်း ၊ ဗိုက်ကြီးနှင့်ဝင်းကိုအောင်တို့မှ လောက်လေးခွဖြင့်ပစ်၍ ဘယ်/ညာခြေသလုံးဖူးယောင်နာကျင်ဒဏ်ရာ(၁)ချက်စီ လည်းကောင်း၊ အမည်မသိ အမျိုးငါးတစ်ဦးမှ အရိုးအသွား(၈)လက်မခွဲခန့် ရဲဒင်းဖြင့်ခုတ်၍ ဘယ်ဘက်လက်ကောက်ဝတ်ပြတ်ရှဒဏ်ရာ(၁)ချက် (အလျား၂လက်မခန့် ၊ အနက် ၁ လက်မခန့်)လည်းကောင်း ဝိုင်းဝန်းပြုလုပ်ကြောင်းပြောပြသိရှိရသဖြင့် ခင်ပွန်းဖြစ်သူမျိုးအောင်အား မှော်ဘီပြည်သူ့ဆေးရုံသို့ပို့ဆောင်ကုသခဲ့ရာ မှော်ဘီဆေးရုံတွင်(အတွင်းလူနာစိုးရိမ်ရ)ဖြင့် ဆေးဝါးတက်ရောက်ကုသကုသမှုခံယူလျှက်ရှိသဖြင့် ခင်ပွန်းဖြစ်သူ မျိုးအောင်အားဖူးယောင်နာကျင်ပေါက်ပြဲပြတ်ရှဒဏ်ရာများရရှိအောင် လက်သီးဖြင့်ထိုး သံတုတ်ဖြင့်ရိုက် ၊ လောက်လေးခွဖြင့်ပစ် ရဲဒင်းဖြင့်ခုတ်သူ ဝက်ကလေး၊ ဗိုက်ကြီး ၊ ဝင်းကိုအောင်နှင့်အမည်မသိအမျိုးသား(၂)ဦးတို့အား ဥပဒေအရအရေးယူပေးပါရန်တိုင်တန်းမှုဖြစ်သည်။

ယင်းဖြစ်စဉ်အပေါ် တရားလို ဒေါ်ဝင်းနွယ်
(၃၆)နှစ် (ဘ)ဦးသောင်းလှိုင် ၏ တိုင်ကြား
ချက်အရ မှော်ဘီမြို့မရဲစခန်းက (ပ)၁၄၅၃
/ ၂၀၂၀ ၊ ရာဇသတ်ကြီးပုဒ်မ- ၃၂၆/၃၂၅/
၃၃၇/ ၃၂၃/ ၁၁၄ တို့ဖြင့် အမှုဖွင့်လှစ်ထားပြီး
ပြစ်မှုကျူးလွန်သူ တရားခံများ အမြန်ဆုံးဖမ်
းဆီးရမိရေးနှင့် တရားစွဲတင်ပို့နိုင်ရေး စုံစမ်းစ
စ်ဆေးဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

မင်းထွဏ်း

.


Spread the love
  •  
  •  
  •  
  •  
  •  
  •