COVID-19 ရောဂါအတည်ပြုလူနာများအား ကုသနေသည့် ဆေးရုံများသို့ တပ်မတော်က အောက်ဆီဂျင်များလှူဒါန်း

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများအား ကုသရေးလုပ်ငန်းများဆောင်ရွက်နေသည့် ပြည်သူ့ဆေးရုံများသို့ တပ်မတော်က အောက်ဆီဂျင်များလှူဒါန်း
===============
နေပြည်တော်၊ အောက်တိုဘာ – ၇

COVID-19 ရောဂါသည် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ ဖြစ်သဖြင့် ရောဂါကုသရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အောက်ဆီဂျင် အသုံးပြုမှုသည် အရေးပါသည့်အခန်းကဏ္ဍတစ်ခုဖြစ်သည်။

ထို့ကြောင့် COVID-19 ရောဂါကုသရေးတွင် ဆေးရုံများ၌ အောက်ဆီဂျင်လိုအပ်ချက်များရှိလာပါက အောက်ဆီဂျင်အိုးများ လှူဒါန်းနိုင်ရေးအတွက် တပ်မတော်က အောက်ဆီဂျင်ထုတ်လုပ်သည့်စက်များကို ကောင်းအောင်စီစဉ်ထားရှိရန်နှင့် အောက်ဆီဂျင်အိုးများကို တပ်မတော်မှကားများဖြင့် ပို့ဆောင်လှူဒါန်းပေးနိုင်ရန်လိုအပ်ကြောင်းကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အောက်တိုဘာ ၆ ရက်တွင်ကျင်းပပြုလုပ်ခဲ့သည့် ကမ္ဘာ့ကပ်ရောဂါ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အခြားလိုအပ်ချက်များ ဆောင်ရွက်ပေးနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေး၌ လမ်းညွှန်မှာကြားခဲ့သည်။

ယနေ့တွင် COVID-19 ရောဂါဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများအား ကုသရေးလုပ်ငန်းများဆောင်ရွက်နေသော ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ ပြည်သူ့ဆေးရုံကြီး၌ လိုအပ်လျက်ရှိသည့် အောက်ဆီဂျင်အိုး အလုံး ၅၀ ကို မင်းဓမ္မလမ်းရှိ မြန်မာစီးပွားရေးကော်ပိုရေးရှင်း Oxygen Plant ၌ အောက်ဆီဂျင်များဖြည့်သွင်းပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများက တပ်မတော်မော်တော်ယာဉ်များဖြင့် သွားရောက် လှူဒါန်းပေးကြသည်။ ဆက်လက်၍လည်း ဆေးရုံများတွင် အောက်ဆီဂျင်များ လိုအပ်ချက်ရှိပါက တပ်မတော် Oxygen Plant များ၌ ဖြည့်သွင်း၍ အောက်ဆီဂျင်လိုအပ်ချက်များကို ဖြည့်ဆည်းလှူဒါန်းသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်

http://dsinfo.org/node/537

 


Spread the love
  •  
  •  
  •  
  •  
  •  
  •