Dr ဇော်ဝေစိုး ပြောကြားချက်များမှ အရေးကြီးသည့်အချက်များ (၆.၁၀.၂၀၂၀)  

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 Dr ဇော်ဝေစိုး ပြောကြားချက်များမှ

အရေးကြီးသည့်အချက်များ (၆.၁၀.၂၀၂၀)

 

– ပိုးအသစ်တွေ့သူ (၁၂၅၂)ဦး-(၁၀၀၇၄ ဦးစစ်) – သေဆုံးသူ (၂၇)ဦး(စုစုပေါင်း၄၇၁ ဦး)ရှိကြောင်း

– ယနေ့စစ်ဆေးသည့်အပေါ် positive pt အဖြေ အများဆုံးထုတ်နိုင်၍နိုင်နိုင်နင်းနင်းရှိကြောင်း

– ကျန်းမာရေးဝန်ထမ်းများအနေဖြင့်အင်အားအများဆုံးသုံး၍အစွမ်းကုန်ကြိုးစားနေကြရကြောင်း

– ယခု home stay (၂)ပါတ်ထပ်တိုးလိုက်ရာအများကြီးထိရောက်မှာဖြစ်ကြောင်း

– ပထမအကြိမ်ကြေညာခဲ့ပြီးထိန်းချုပ်ထားခဲ့ပြီးဖြစ်၍ ဒုတိယအကြိမ်အတွက်- အကောင်းဆုံးကြိုတင်ပြင်ဆင်ထားပြီးဖြစ်ကြောင်း

– contain တိုက်ပွဲ အခြေအနေ- နိုင်နိုင်နင်းနင်းတပါတ်ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ကြောင်း

– ပြည်သူတဦးတယောက်မကျန်/အဖွဲ့အစည်းတစ်ခုလုံး/တလမ်းလုံးကိုထိန်းသိမ်းထားနိုင်သည့်အတွက်အနိုင်ယူနိုင်တာဖြစ်ကြောင်း

– သို့သော်လက်မထောင်လို့မရသေးပါကြောင်း – စည်းစည်းလုံးလုံးနှင့်ဆက်ထိန်းရအုံးမှာဖြစ်ကြောင်း

– တနေ့လူနာ(၆၀၀၀-၇၀၀၀)ဦးကုသနေရပါကြောင်း

– ထိုလူနာများထဲက (၁၀)%-(၅)%က ICU ထဲတွင်ထားကုသနေရပြီး အောက်စီဂျင်လိုအပ်နေသူများဖြစ်ပါကြောင်း

– မိမိတို့အနေဖြင့် နိုင်ငံတကာအသိအမှတ်ပြု ဆေးဝါးများအသုံးပြု၍အစွမ်းကုန်ကုသနေပါကြောင်း

– အနိုင်ရဖို့လမ်းစ မြင်နေရပြီဖြစ်ကြောင်း
– သို့သော်လုံးဝ(လုံးဝ)ပေါ့လို့မရသေးပါကြောင်း

– mask နှင့်ကိုယ်နှင့်အမြဲတွဲနေရမှာဖြစ်ကြောင်း

– ထို့ပြင် -အသုံးပြုပြီးတိုင်းလက်ဆေးရန်/hand gel သုံးရန် နေ့စဥ်လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း

– အထူးသဖြင့်ပြောလိုသည်မှာ – မျက်နှာချင်းဆိုင်ထမင်းစားရမည့်အချိန်မဟုတ်ပါကြောင်း -တဦးချင်းစီစားသင့်ပါကြောင်း

– စက်ရုံများတွင် နေ့လည်စာစုစားလေ့ရှိကြောင်း/နေအိမ်များတွင်ညစာစုစားလေ့ရှိပါကြောင်း
-ဒီအချိန်မှာမလုပ်သင့်ပါကြောင်း

– အထူးသဖြင့် အဖွဲ့အစည်းနှင့်နေသူများ -ပိုသတိထားရမှာဖြစ်ကြောင်း

-ဘာဖြစ်လို့လဲဆိုတော့ အဖွဲ့အစည်းတွင်တခုခုဖြစ်လျင်မြန်စွာပြန့်လွယ်၍အမြန်ဆုံးအကြောင်းရမှာဖြစ်ကြောင်း

-သို့မှသာ – အမြန်ဆုံးထိမ်းသိမ်းနိုင်မှာဖြစ်ကြောင်း

– ယခုအခါကုသမှုအတွက်အစစအရာရာပြင်ဆင်ထားပြီးဖြစ်၍တခုခုဖြစ်လျင်အမြန်ဆုံးပြသရန်
တိုက်တွန်းနှိုးဆော်သွားပါသည်

Credit – Dr May Win Myint

 


Spread the love
  •  
  •  
  •  
  •  
  •  
  •