ICU/HDU ဧရာဝတီစင်တာကို Drဇော်ဝေစိုးကိုယ်တိုင် ဦးဆောင်ပြီး အမြန်ဖွင့်လှစ်နိုင်ဖို့ ကြိုးပမ်းနေ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

ရန်ကုန်မြို့မှာ အရေးပေါ်လူနာတွေကို အနီးကပ်ကြပ်မတ် ကုသပေးဖို့ အဓိကလိုအပ်နေတဲ့ ICU/HDU ဧရာဝတီစင်တာကို ဆရာကြီးဇော်ဝေစိုးကိုယ်တိုင် ဦးဆောင်ပြီး အမြန်ဖွင့်လှစ်နိုင်ဖို့ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ဦးဆောင်မှုနဲ့အတူ ဧရာဝတီဖောင်ဒေးရှင်း အနေနဲ့ အလှူရှင်များ၊ ဆရာဝန်ဆရာမများနဲ့ စေတနာ့ဝန်ထမ်းများ၊ ပြည်တွင်းပြည်ပအဖွဲ့အစည်းများနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေဖြစ်တဲ့ UNOPS၊ WHO၊ ICRC ကိုယ်စားလှယ်တွေဟာ ဧရာဝတီစင်တာကို လာရောက်ကြည့်ရှုခဲ့ပြီး အကြံဉာဏ်နဲ့ လိုအပ်တာတွေ ဆက်လက်ဆောင်ရွက်ဖို့ ညှိနှိုင်းဆောင်ရွက်ခဲ့ကြပါတယ်။

ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်နဲ့အတူ လူသားအရင်းအမြစ်နဲ့ ပတ်သက်တဲ့ သင်တန်းတွေပို့ချပေးဖို့နဲ့ ပြည်တွင်းပြည်ပ ဆရာဝန်တွေ ပူးပေါင်းကုသနိုင်ဖို့ကိုလည်း ဆွေးနွေးဖြစ်ခဲ့ပါတယ်။ အားလုံးရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ကျန်းမာရေးဝန်ထမ်းတို့ရဲ့ အနစ်နာခံကြိုးစားဆောင်ရွက်မှုတွေကြောင့် လူသားတွေရဲ့ အသက်ကို တတ်နိုင်သမျှ ကြိုးစားကယ်တင်နိုင်မှာ ဖြစ်ပါတယ်။

 


Spread the love
  •  
  •  
  •  
  •  
  •  
  •