NLDပါတီ၀င်၃ဦးကိုနှိပ်စက်ခြင်းမရှိဘဲကောင်းမွန်စွာထိန်းသိမ်းထားဟုAAထုတ်ပြန်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

NLDပါတီ၀င်၃ဦးကိုနှိပ်စက်ခြင်းမရှိဘဲကောင်းမွန်စွာထိန်းသိမ်းထားဟုAAထုတ်ပြန်
===============
နှစ်ဦးနှစ်ဖက်အပြန်အလှန်နားလည်မှုရှိသည့်အချိန်တွင် အမြန်ဆုံးပြန်လည်လွှတ်ပေးမည်ဟုဆို
===============

ရန်ကုန်၊၂၀၂၀၊နို၀င်ဘာ၂၁ရက်

NLDပါတီ၀င်၃ဦးကိုနှိပ်စက်ခြင်းမရှိဘဲကောင်းမွန်စွာထိန်းသိမ်းထားဟုAAကထုတ်ပြန်လိုက်သည်။

နို၀င်ဘာ၂၁ရက်ရက်စွဲဖြင့်AAလက်နက်ကိုင်အဖွဲ့ကကြေညာထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

NLDအစိုးရအနေဖြင့် စစ်မှန်သောပြည်ထောင်စုကို ပုံဖော်ထုဆစ်နိုင်မည်ဟုမျှော်လင့်ကြောင်း၊NLDပါတီ၏သဘောထားကြီးမှုကိုမိမိတို့နားလည်ပါကြောင်း၊အမျိုးသားရင်ကြားစေ့ရေးကိုလက်တွေ့အကောင်အထည်ဖော်သက်သေပြရမည့်ကာလလည်းဖြစ်ကြောင်း၊ရခိုင်ဒေသတွင်ကျန်နေသော နေရာများကိုရွေးကောက်ပွဲလုပ်ပေးရန်အပါအ၀င် ဖမ်းဆီးခံထားရသည့်ရခိုင်တိုင်းရင်းသားနှင့်နိုင်ငံရေးသမားများကိုပါပြန်လွှတ်ပေးရန်AAကတောင်းဆိုထားသည်။

NLDပါတီ၀င်၃ဦးကိုနှစ်ဦးနှစ်ဖက်အပြန်အလှန်နားလည်မှုရှိသည့်အချိန်တွင် အမြန်ဆုံးပြန်လည်လွှတ်ပေးမည်ဟုဆိုသည်။

အောက်တိုဘာလလယ်အတွင်းတောင်ကုတ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်‌ေလာင်းဒေါ်နီနီမေမြင့်နှင့် တောင်ကုတ်အမှတ်၂လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင် အပါအဝင်ကိုယ်စားလှယ်လောင်း ဒေါ်ချစ်ချစ်အောင်တို့ကို AAလက်နက်ကိုင်အဖွဲ့ကဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်‌ေကြာင်းသိရသည်။

Myanmar Harp/၀တီ

 


Spread the love
  •  
  •  
  •  
  •  
  •  
  •