NLDပါတီ‌​ထောက်ခံသည့်အင်အားပြလှည့်လည်ခြင်းများကိုစာထုတ်ရုံမဟုတ်ဘဲ စီစဉ်ထားမှုများကိုပါဖျက်သိမ်းပေးဖို့အထိ မေတ္တာရပ်ခံထား

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

NLDပါတီ‌​ထောက်ခံသည့်အင်အားပြလှည့်လည်ခြင်းများကိုစာထုတ်ရုံမဟုတ်ဘဲ စီစဉ်ထားမှုများကိုပါဖျက်သိမ်းပေးဖို့အထိ မေတ္တာရပ်ခံထား

===================
ရန်ကုန်၊၂၀၂၀အောက်တိုဘာ၇ရက်

NLDပါတီ‌ေထာက်ခံသည့်အင်အားပြလှည့်လည်ခြင်းများကိုစာထုတ်ရုံမဟုတ်ဘဲ စီစဉ်ထားမှုများကိုဖျက်သိမ်းပေးဖို့အထိ မေတ္တာရပ်ခံခဲ့ကြောင်း ဒေါက်တာမျိုးညွန့်ထုတ်ဖော်ပြောကြားလိုက်သည်။

ပါတီအားထောက်ခံသည့်အင်အားပြမှုများနှင့်ပတ်သက်၍ ဝေဖန်နေခြင်းအား အောက်တိုဘာလအတွင်း သဘောထားမှတ်ချက်တောင်းရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုကော်မတီ၀င် ဒေါက်တာမျိုးညွန့်ကပြောကြားခဲ့သည်။

“အင်အားပြလှည့်လည်တာက ဒါကတော့ကျွန်တော်တို့ပါတီတစ်ခုတည်းက လုပ်တာမဟုတ်ပါဘူး။ကျွန်တော်တို့ပါတီကဆိုရင် ဒီလိုစီတန်းလှည့်လည်ခြင်းမပြုဖို့၊အဖွဲ့ချုပ်ဥက္ကဋ္ဌရော၊ဗဟိုအောင်နိုင်ရေးအဖွဲ့ရော၊တိုင်းနဲ့ပြည်နယ်အောင်နိုင်ရေးအဖွဲ့တွေရော အလုပ်အမှုဆောင်တွေရော စာထုတ်ရုံတင်မဟုတ်ဘူး။ကိုယ်တိုင်တောင်မှ သူတို့စီစဉ်ထားတဲ့စီတန်းလှည့်လည်ပွဲတွေကို ဖျက်သိမ်းပေးဖို့မေတ္တာရပ်ခံတဲ့အခါမှာ မကျေနပ်တဲ့အတိုင်း ပြန်လည်တုံ့ပြန်တာတွေတောင် ကျွန်တော်တို့ခံရပါတယ်။ကျွန်တော်တို့ခံစားပြီးတော့ အစွမ်းကုန်တောင်းပန်မေတ္တာရပ်ခံတာကို လုပ်နေပါတယ်။ဒါဟာပြည်သူအတွက်နိုင်ငံရေးပါတီတစ်ခုက မဲဆွယ်ကာလအတွင်းလုပ်နိုင်သမျှထဲကအကောင်းဆုံးပါပဲလို့ပြောချင်ပါတယ်”ဟု၎င်းကပြောသည်။

လက်ရှိတွင်နိုင်ငံရေးပါတီများ စီတန်းလှည့်လည်ခြင်းကို ကိုဗစ်ကပ်ရောဂါကူးစက်မှုမှကာကွယ်ရန်လူအများကဝေဖန်ပြောဆိုလျက်ရှိသည်။

တစ်နိုင်ငံလုံးတွင်အောက်တိုဘာ၇ရက်ည၈နာရီအထိcovid19အတည်ပြုလူနာ၂၀၀၃၃ဦး၊သေဆုံး၄၇၁ဦး၊ဆေးရုံဆင်းရသူ၅၇၈၂ဦးရှိကြောင်းသိရသည်။

၂၀၂၀ရွေးကောက်ပွဲကိုနို၀င်ဘာ၈ရက်တွင်ကျင်းပမည်ဖြစ်သည်။

Sourcr – D Wave


Spread the love
  •  
  •  
  •  
  •  
  •  
  •