NLD ဆိုင်းဘုတ်ခဲဖြင့်ထုခံရပြီး၊ ရပ်ကျေးဥက္ကဌ နေအိမ် ဓာတ်ဆီဘူးဖြင့်မီးရှို့ပစ်ပေါက်ခံရ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

အဖွဲ့ချုပ်ဆိုင်းဘုတ်ခဲဖြင့်ထုခံရပြီး NLD ရပ်ကျေးဥက္ကဌ နေအိမ် ဓာတ်ဆီဘူးမီးရှို့ပစ်ပေါက်ခံရ

 

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် ၊ရွှေမြယာကျေးရွာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆိုင်းဘုတ်ကိုအုတ်ခဲဖြင့်ထု၍ နေအိမ် ကိုဓာတ်ဆီဘူး မီးရို့ပစ်ပေါက်ခြင်းခံခဲ့ရကြောင်း မှော်ဘီမြို့နယ်NLDအဖွဲ့ချုပ်ရုံးမှသိရသည်။

ဖြစ်စဉ်မှာ မှော်ဘီမြို့နယ် ရွှေမြယာကျေးရွာအုပ်စု ၊ ရွှေမြယာကျေးရွာနေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရပ်ကျေးဥက္ကဌ ဦးခင်ဝင်း နေအိမ်သို့ နိုဝင်ဘာ ၂၁ ရက်၊ ည(၂၁:၀၀)နာရီအချိန်ခန့်က လူနှစ်ဦး ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး အိမ်ရှေ့ရှိ အဖွဲ့ချုပ် ဆိုင်းဘုတ်အားခဲ
ဖြင့်ပစ်ပေါက်ထွက်ပြေးသွားခဲ့ပြီး ည(၂၃း၁၅)အချိန်ခန့်တွင် ထပ်မံ၍ ဓာတ်ဆီထည့်ထားသောဘူး ၂ဘူးဖြင့် မီးရှို့ပစ်ပေါက်မှုထပ်မံဖြစ်ပေါ်သဖြင့် လုံခြုံရေးအရ အရေးယူပေးပါရန် မှော်ဘီမြို့နယ် အုပ်ချုပ်ရေးမှူးထံသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းကညှိနှိုင်းအကြောင်းကြားထားခဲ့ခြင်းဖြစ်သည်။

” ကျွန်တော်တို့ရဲ့လွှတ်တော်ကိုယ်စားလှယ်တွေက အခုနိုင်ငံတော်ကပုံမှန်ဝင်ငွေမရှိတဲ့အခြေခံပြည်သူများကိုထောက်ပံ့ငွေ ရရှိသူ နဲ့မရရှိသူစာရင်းသိချင်တယ်ဆိုလို့ ကျွန်တော်တို့အဖွဲ့ဝင်တွေက ရွာထဲမှာစာရင်းလိုက်ကောက်တယ်။ထောက်ပံ့တာ (၄)ကြိမ်ရှိပြီဆိုတော့
ဘယ်အကြိမ်မှာဘယ်လောက်ရတယ်ဆိုတာစာရင်းပြုစုပေးတာကို ရပ်ကျေးအုပ်ချုပ်ရေးမှူးနဲ့အဖွဲ့က လမ်းမှာတားတယ်။ကျွန်တော်တို့
ကလည်း အထက်ကညွှန်ကြားတဲ့အတိုင်းလုပ်တာပါ။ည (၉)နာရီအချိန်မှာ အိမ်ရှေ့မှာစိုက်ထူထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုင်းဘုတ်ကို အုတ်ခဲနဲ့လာပစ်တယ်။ည(၁၁)​ေကျာ်မှာ ရေသန့်ဘူးထဲကို ဓာတ်ဆီထည့်မီးရှို့ပြီး ကျွန်တော့်အိမ်ကိုပစ်တာ ၊ မီးမလောင်​​ပေ
မယ့် ကျွန်တော့်အိမ်က လမ်းနဲ့ဝေးလို့ အိမ်တံစက်မြိတ်ကိုရောက်တယ် အိမ်ကိုမီးဟပ်သွားတယ် ” ဟုရွှေမြယာ ရပ်/ကျေး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးခင်ဝင်း ကပြောသည်။

၄င်းအနေဖြင့် မြို့နယ်အဖွဲ့ချုပ်မှ တာဝန်ပေးချက်အရ ဆောင်ရွက်ခြင်းဖြစ်ပြီး ပါတီမှထုတ်ပြန်သည့် စည်းမျဉ်းစည်းကမ်းနှင့်အညီနေ
ထိုင်လုပ်ကိုင်နေသည့်အပေါ် ယခုကဲ့သိုပြုမူခြင်းမျိုးကြောင့် လုံခြုံရေးအတွက်စိုးရိမ်ကြောင်းပြောဆိုသည်။

အိမ်အပြင်မှာမီးလောင်လို့ ရေနဲ့လောင်းတာတောင်မှ မီးတောက်က အရမ်းမြင့်တယ်၊ ၂ ဘူးပစ်ပြီးတော့ ဆိုင်ကယ်နဲ့ပြေးတာပါ။၁ဘူးကအပြင်မှာကျန်ခဲ့တယ်။ဆိုင်းဘုတ်ကိုလည်း လူနှစ်ယောက်ကဆိုင်ကယ်နဲ့လာပြီးခဲနဲ့ပစ်တာပါ ၊ ဆိုင်းဘုတ်လည်းကွဲသွားတယ်၊ကျွန်တော်တို့ပါတီက ညွှန်ကြားတဲ့အတိုင်းပဲကျွန်တော်လုပ်ဆောင်တာပါ။တရားခံတွေမမိသေးဘူးဆိုတော့ မိသားစုအတွက် ရပ်ကျေးအမှုဆောင်တွေအတွက်စိုးရိမ်ပါတယ်။လုံခြုံရေးချထားပေးတယ်လို့တော့ပြောတယ် ” ဦးခင်ဝင်းကဖြည့်စွက်ပြောဆိုသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာသို့ အကြောင်းကြားထားသော်လည်း အမှုမဖွင့်ရသေးကြောင်း မှော်ဘီမြို့နယ်NLD
ပါတီ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

” အမှုဖွင့်တဲ့အပိုင်းကတော့ ရပ်ကျေး ဥက္ကဌ ကပဲဖွင့်ရမှာပါ။ ဆိုင်းဘုတ်က သွပ်နဲ့လုပ်ထားတာဆိုတော့ ခဲထိတဲ့အသံကအကျယ်
ကြီးပေါ့။ လမ်းသူလမ်းသားတွေထွက်ကြည့်တော့ နည်းနည်းရုပ်ရုပ်သဲသဲဖြစ်သွားတယ်၊ကျွန်တော်တို့ရဲ့ ပြည်သု့လွှတ်တော်ကိုယ်စားလှယ်က ဖြစ်စဉ်နဲ့ပတ်သက်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူး တို့ထံကိုစုံစမ်းဖော်ထုတ် အရေးယူဆောင်ရွက်ပေးဖို့
အကြောင်းကြားထားပါတယ် ” ဟု ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲကိုယ်စားလှယ် ဦးကျော်ရွှေ ကပြောသည်။

မင်းထွဏ်း


Spread the love
  •  
  •  
  •  
  •  
  •  
  •