ယုဇနပလာဇာ ကိုဧပြီ၁၈ရက်နေ့အထိ ယာယီပိတ်ထားမည်

COVID-19နှင့်ပတ်သတ်၍ ကူးစက်မြန်ရောဂါ ကာကွယ်ထိန်းချုပ်ကုသနိုင်ရေးအတွက်ရန်ကုန်မင်္ဂလာတောင်ညွှန့်မြို့နယ်အတွင်းရှိဈေးဝယ်စင်တာများကိုယာယီပိတ်သိမ်းသွားဖို့ရှိတယ်လို့ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီကညွှန်းကြားချက်ထုတ်ပြန်ခဲ့ပါတယ်။ မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ ယုဇနပလာဇာအပါအဝင်ကျန်ဈေးဝယ်စင်တာများရှိ ဆန်၊ ဆီ၊ ဆား၊ ငရုပ်၊ ကြက်သွန် အခြေခံစား သောက်ကုန်များနှင့် ဆေးဝါးမျာမှလွဲ၍ အခြားလူသုံးကုန်ပစ္စည်းများ၊ အရေးတကြီးလိုအပ်မှု မရှိသည့် ကုန်ပစ္စည်းများလက်လီ၊ လက်ကားရောင်းချတာကို...

အိမ်ထဲမှာပဲနေပါ

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ လတ်တလောရုပ်ရှင်နှင့်ဗီဒီယိုဇာတ်ကားများ၊စတင်ရိုက်ကူးခွင့်များအားခွင့်ပြုထားခြင်းမရှိပါကြောင်းမတ်လ၃၀ရက်က မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးလူမှုကွန်ယက်စာမျက်နှာ၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ယခင်ရိုက်ကူးခွင့်ပြုထားသောဇာတ်ကားများအနေဖြင့် ရိုက် ကူးရန်ကျန်ရှိနေပါကလည်း လူစုလူဝေးမဖြစ်ပေါ်စေရန်အတွက် လူအများနှင့်သက်ဆိုင်သောနေရာများတွင်ရိုက်ကူးခြင်းများအားရှောင်ကျဉ်ကြပါရန်မေတ္တာရပ်ခံပန်ကြားကြောင်း အဆိုပါ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးလူမှုကွန်ယက်စာမျက် နှာ၏ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။ လက်ရှိတွင်မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအနေဖြင့်’သင့်မိသားစုကိုကာကွယ်ဖို့…အိမ်ထဲမှာပဲနေပါ’ ‘Stay Home’အစီအစဉ်ကို Mingalar Cinemas၏အကူအညီ ဖြင့်အားကစားနှင့်ကျန်းမာရေးဝန်ကြီးဌာနနှင့်မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးတို့ပူးပေါင်းကာ ပညာပေးအစီအစဉ်များကိုရိုက်ကူးတင်ဆက်နေသည်။အဆိုပါအစီအစဉ်များ...